4

86 5 0
                                    

မအိမ်ကံ (အခန်း ၄) //ခင်ခင်ထူး

(၄)

“သည်နေရာကို ငါမရောက်ဖူးဘူး.. ငါ့ရွာလည်းမဟုတ်ဘူး .. သည်လူတွေကိုလည်း ငါတစ်ခါမှ မမြင်ဖူးပါဘူး ငါဘယ်လိုနေရာကို ရောက်နေရတာပါလိမ့် ..လူတွေ ကလည်း များလိုက်သာ လှည်းတွေကလည်း မနည်းဘူးကြီးရယ် .… ဘုရားပွဲ ရှိလို့ များလား”

သည်တစ်ခါတော့ မအိမ်ကံတစ်ယောက်တည်း ရပ်နေခြင်းဖြစ်သည်ခါတိုင်း ဘယ်ကိုပဲသွားသွား တကောက်ကောက်ပါနေကျ အစ်ကိုဖြစ်သူ မောင်မြတ်သာပင် မပါခဲ့။ မအိမ်ကံ ရပ်နေသည့်ကွင်းကြီးက ရွာ့တစ်ခြမ်းစာလောက်ရှိသည်သစ်ပင်မရှိ၊ မြက်တစ်ပင် မပေါက်သော ကွင်းခြောက်ခေါင်ခေါင်ကြီးသာဖြစ်၏။ ကျွဲနွားများဖြင့် နင်း၍ မာသည်ထက် မာအောင် တလင်းခေါက်ထားသည့် စပါးတလင်း
ပဲတလင်းများလို ပြောင်တင်းနေသည့် ကွင်းကြီးထဲမှာ လူတွေ အပြည့်။ လူတွေအားလုံး ဝတ်ကောင်းစားလှတွေ ဝတ်ထားကြသည်။ ကလေးတွေကလည်း ခါတိုင်းမြင်နေကျ ကလေးတွေလို နွမ်းရိနွမ်းရော်မဟုတ်ကြဘဲ သစ်လွင် တောက်ပနေကြသည်။ မအိမ်ကံကိုယ်တိုင်လည်း ခါတိုင်း အိမ်မှာဝတ်နေကျ အဝတ်အစားမျိုး နှင့်မဟုတ်။ ပိုးစပ်ပိန်းထဘီစိမ်းကလေး ဝတ်ထားသည်။ အင်္ကျီလက်နားမှာ ကြာယပ်များပါသော နိုင်လွန်စ ပါးပါးကလေးပေါ်မှာ ဘော်ကြယ်အစိမ်းအပွင့်အခက်ကလေးတွေ ထိုးထားသည်။ ကတ္တီပါပုံတော် ဖိနပ်စိမ်းကလေးနှင့် ရွှေခြေကျင်းနှင့်။ ခေါင်းပေါ်က ဆံရစ်ဝိုင်း ဆံထုံးကလေးမှာ ဒေါင်းဒလိတ်ပန်းကလေး ခွေပန်ထားလိုက်သေး၏။ မျက်လုံးဝိုင်းဝိုင်းကြည်ကြည်နှင့် ဝင်းဝင်းစက်စက်ကလေး လှလွန်းနေသော မအိမ်ကံ။

ကွင်းကြီးထဲမှာ ရာနှင့်ချီသောလူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ ကွင်းကြီး၏ မြောက်ဘက်မှာတော့ အတော်မြင့်သော တောင်မကြီးရှိသည်။ တောင်ပေါ်မှာ စေတီတစ်ဆူ ရှိသည်။ စေတီစိန်ဖူးတော်ကို နေရောင်ခြည်ထိသည့်အခါတိုင်း ဝင်းခနဲ လက်လက်သွားတာကို မအိမ်ကံ သတိထားမိသည်။ စေတီတော်ရှိရာ တောင်ကုန်းကလေးပေါ်ကို တက်ရောက်ဖူးချင်စိတ်တွေပင် ပေါ်လာခဲ့သည်။ ကွင်းပြင်ကြီးထဲကို အရပ်လေးမျက်နှာက မောင်းဝင်လာကြသည့် လှည်းတွေကလည်း အံ့သြစရာကောင်းအောင် များလွန်းလှသည်။ သည်လှည်းတွေကကော ဘယ်ကလာလို့ ဘယ်ကို သွားကြမှာပါလိမ့်၊ အရင်ရောက်သည့်လှည်းတွေက လှည်းချွတ်နှင့်ကြပြီ။ နွားတွေကို ထမ်းပိုးတုံးမှ ချွတ်ပြီးကြသည်နှင့် ခပ်ဝေးဝေးကို ဆွဲသွားကာ ပြောင်းရိုးတွေ ချကျွေးကြသည်။

မအိမ်ကံWhere stories live. Discover now