12

36 1 0
                                    

မအိမ်ကံ (အခန်း ၁၂) // ခင်ခင်ထူး

(၁၂)

မအိမ်ကံ၏အလှက ကြည်တော်ကုန်းသူ ကြည်တော်ကုန်းသားများမှတစ်ဆင့် ဝေးနီး ရွာတွေအထိ တောမီးလောင်သလို ပျံ့နှံ့သွားခဲ့လေသည်။ ကြည်တော်ကုန်း နဲ့ ဆွမ်းလောင်းလှူပွဲကို မောင်နှမနှစ်ယောက် ရောက်လာကြသည့်အကြောင်းမှစ၍ မအိမ်ကံက နှဲဆရာကြီးနှင့် မင်းသမီး ကလေးအပါအဝင် မောင်းဆိုင်းအဖွဲ့ကို ဆုငွေချခဲ့သည်ကအစ ရွာမှ ဆင်းရဲသူ ဆင်းရဲသား အချို့ကို တတ်စွမ်းသလောက် သဒ္ဓါကြည်ဖြူ ပေးကမ်းစွန့်ကြဲသွားခဲ့သည်အဆုံး မအိမ်ကံ၏ ရုပ်အဆင်းလှခြင်းနှင့် စိတ်အချင်းလှခြင်းတွေကို စကားရောက်တိုင်း ပြောဖြစ်နေကြသည်ဆို၏။ မအိမ်ကံတို့ မောင်နှမ ကြည်တော်ကုန်းက ပြန်ရောက်လာပြီး သိပ်မကြာခင်မှာ မကြီး၊ မငယ် ညီအစ်မနှစ်ယောက် ဇောင်ချမ်းကုန်းကို ရောက်လာခဲ့ကြရာ သူတို့ရွာတကြောမှာ မအိမ်ကံ သတင်းမွှေးလှကြောင်း ပြောသွားခဲ့ကြခြင်းဖြစ်၏။

“ငါတို့ရွာတွေမယ် ညည်းအကြောင်း ပြောလို့ မဆုံးကြပေါင်အေ...လှလိုက်သာ ချော လိုက်သာနဲ့ နေသာပဲ...ငါ ပြောလိုက်ရသယ်ဟဲ့... ငါတို့ အမျိုးက ဒေါင်းမျိုးဟဲ့လို့ ကြီးလေ ချောလေဟဲ့လို့ ငါတို့ မလဲ မအိမ်ကံ့အမျိုးဆိုတော့ ဂုဏ်ရှိပအေ”

ဒွေးလေးခင်ငြိမ်းကလည်း အိမ်ရောက်သခိုက် သည်လိုစကားတွေ ပြောခဲ့သည်။ အမေပန်းရုံကတော့ မအေပီပီ သမီးချော ကောင်းသတင်းကြောင့် ဝမ်းသာသော်လည်း စိတ်ဖြောင့် လက်ဖြောင့် ဝမ်းမသာနိုင်သလို ရှိခဲ့သည်။ မလှအုံက စကားဝင်ဖာရှာပါ၏။

“ချောမှာပေါ့အေ... မအေချော ဖအေချောကိုး”

“သူကြီးမင်း တူလို့ကတော့ မချောလောက်ပါဘူး.. လှအုံရယ်...မောင်မြတ်သာ ကြည့်ပါလား… ဖအေ့ရုပ်တစ်ရုပ်တည်း”

“မောင်မြတ်သာလည်း ချောသာပါပဲတော်... ကျုပ်မောင်က သက်ကတိုကျောင်းသား ဂုဏ်တောင် ပိုသေး.. မိန်းကလေးလိုတော့ မှုန်မနေဘူးပေါ့တော့”

ကြည်တော်ကုန်းက ဆွေမျိုးတွေ ပြန်သွားကြသော်လည်း မအိမ်ကံတို့ အိမ်မှာ ဆွေမျိုး ပြတ်သည်မရှိ။ များသောအားဖြင့် အချေးအငှား အတောင်းအရမ်း လာကြသူတွေ များလှသည်။ ရွာတွေမှာ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်နေကြတာ မအိမ်ကံ နေ့တိုင်းကြားနေရသည်။

မအိမ်ကံWhere stories live. Discover now