28

28 1 0
                                    

မအိမ်ကံ (အခန်း ၂၈) // ခင်ခင်ထူး

---

တုံ့ခနဲ ရပ်လိုက်သော လှည်းကြောင့် ကလေးလုသူ ဟန်ချက် ပျက်သွားခဲ့သည်။ ဖိုးကူးက ရုတ်တရက် ထရပ်လိုက်ပြီး ကလေးလုသူ၏ အင်္ကျီ မပါသည့် ကျောမည်းမည်းကြီးကို နကန်နှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။

ကလေးလုသူက နကန်ချက်ကို နာပုံပင်မရ။ ပါးစပ်ကြီးဖြဲကာ လက်ကြမ်းကြီးများနှင့် လုမြဲလုလျှက် ရှိလေသည်။ ကိုပြေသိမ်းက အမှတ်တမဲ့ ကြောင် နေရာက မျက်နှာကို လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်တော့မှ အူးခနဲအော်ကာ မျက်နှာကို လက်ဖဝါးဖြင့် အုပ်လိုက်သည်။ ဖိုးကူး၏ နကန်ချက်တွေ ဆက်ကာဆက်ကာ ကျလာသည့် အခါမှာတော့ လှည်းပေါ်က ဝုန်းခနဲ ခုန်ချ လိုက်လေ၏။ တက်မတက် ချက်မတက် အော်နေကြသော သမီးနှစ်ယောက်ကို ထွေးပွေ့ထားရင်း လှည်းပေါ်က ကျသွားသူကို မအိမ်ကံ ငုံ့ကြည့်လိုက်သည်။ ဘယ်သူလဲ၊ ဘာသဘောလဲ။ မအိမ်ခိုင်ကို ဘာဖြစ်လို့ လုရတာလဲ။ မအိမ်ကံ နားမလည်နိုင်။ လူကလည်း အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြီးတော့ တလုတ် မန်ကျည်းတောထဲက ဘာကိစ္စ စောင့်နေရတာလဲ။ မအိမ်ကံတို့ လာမယ်ဆိုတာ ဘယ်သူက လက်ထောက်ချ လိုက်လို့ပါလိမ့်။ လှည်းဆက်ထွက်လာခဲ့ သော်လည်း ကလေးလုသူက လှည်းလမ်းပေါ်မှာ ကုန်းကုန်းကြီး။

“အရူးစက်ဖေဆိုသာပေါ့ မမကံ တစ်ရွာ့တစ်ရွာသည်လို ကူးနေသာ မမကံ မကြုံဖူးလို့ လှည်းပေါ်မှာ ကလေးပါရင် တက်လုနေကျ၊ ပြီးခဲ့တဲ့လကပဲ အနောက်ရွာက ကလေး တစ်ယောက်ကို အိမ်ပေါ်တက်လုလို့ ဝိုင်းရိုက်လွှတ်လိုက်ကြ သေးသာ”

“အို...ကလေးလုသယ် ဟုတ်လား ဖိုးကူး။ ဟုတ်ကဲ့လားဟယ်။ အရူးစက်ဖေရယ်လို့တော့ ကြားဖူးသား။ ကလေး လုသာတော့ မကြားမိဘူး။ တော်ပါသေးရဲ့ အစ်ကိုရယ်၊ အစ်ကို သတိရှိလို့ သာပေါ့။ တော်တော်တော့ နာသွားရှာ ထင်ပါရဲ့ လှည်းပေါ်က ပြုတ်ကို ကျသွားသာ”

ဂျပန်ကို တော်လှန်ခဲ့သော တော်လှန်ရေးသမားကို ပြေသိမ်းပင် အမှတ်တမဲ့ ဆိုတော့ လန့်သွားပုံ ပေါ်ပါ၏။ ဖိုးကူးက အရူး တစ်ယောက်ပါ ဆိုတော့ စိတ်မကောင်း ဖြစ်သွားပုံ လည်းရသည်။ သမီးမအိမ်ခိုင်ကို ကြည့်လိုက်တော့ ကြေးညှော် တွေရော၊ လက်ဆုပ်အားကြောင့် အရာများပင် ထင်ကျန်ရစ် ခဲ့လေသည်။ မအိမ်မြိုင်ရော မအိမ်ခိုင်ပါ မအေ့ရင်ခွင်ထဲ တိုးဝင်နေကြသဖြင့် မအိမ်ကံ ချော့မော့နေရသည်။ ဖိုးကူးက

မအိမ်ကံWhere stories live. Discover now