15

28 0 0
                                    

မအိမ်ကံ (အခန်း ၁၅) // ခင်ခင်ထူး

“×× အမေလေး သူစိတ်ဆိုးလို့ ရစ်ရိုးနဲ့ရိုက်လိုက်လေ ကျောစိစိကျေ ဒဏ်ရာကိုလှန်ကာပြရယ်လို့ ငိုပါ့မယ်လေး ××”

ရုတ်တရက် ကောက်ကာငင်ကာ ထဆိုလိုက်သော သီချင်းသံကြောင့် မအိမ်ကံခမျာ ကြားချင်သည့်စကား မကြားလိုက်ရတော့ပါ။ မအိမ်ကံနှင့် မနီးမဝေးမှာ ရွာ့ကွမ်းတောင်ကိုင် လျာထားသည့်အကြောင်း ပြောဆိုနေကြတာကို အသက်အောင့် နားထောင်နေမိသည်။ ရွာသူတစ်ယောက်က သူ့သဘောထားကို ပြောရန် စကားဟလိုက်စဉ်မှာ သီချင်းသံ ထွက်လာခြင်း ဖြစ်၏။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ အပျိုကြီး မသောင်းလှ ဖြစ်နေသည်။ မသောင်းလှက သီချင်းတွေ ပြောက်တိပြောက်ထိုး ဆိုတတ်သော်လည်း ဘယ်သီချင်းမှ အစအဆုံးမရ။ သို့သော် ဇာတ်ထုပ်ဇာတ်လမ်းတော့ အခင်းကောင်း။ သည်လို အုပ်နှင့်သင်းနှင့် လုပ်ရသော အလုပ်တွေမှာ မသောင်းလှကို တကူးတကပင် ခေါ်ရသည်။ ကြားချင်တာ မကြားလိုက်ရတော့ မအိမ်ကံ သက်ပြင်းကလေးသာ ရှိုက်လိုက်ရတော့သည်။

“သောင်းလှရယ် အမေက ရစ်ရိုးနဲ့ ရိုက်တာ ကျောစိစိ ကြေသယ်ဆိုတော့ အပြစ်က ကြီးလှပါကောဟဲ့...”

“ကြီးဆို ရည်းစားထားသယ့်အမှုကိုး ဝိုင်းစိန်မရဲ့။ ရည်းစားထားသာ အမေသိသွားတော့ လာစမ်းဟဲ့ဆိုပြီး ရစ်ရိုးနဲ့ ရိုက်သာ ကျောလုံးပုပ်ကရော...”

မသောင်းလှနှင့် မသောင်းစိန်တို့ ရိုးရိုးသားသားပြောနေကြတာမှ ဟုတ်ရဲ့လား။ မအိမ်ကံ ထိတ်ခနဲပင်ဖြစ်သွားရပါ၏။ မအိမ်ကံနှင့် သာအောင်တို့ တဲပျက်ထဲ တွေ့ခဲ့ကြတာကိုများ သိကြရော့သလား။ သူတို့နှစ်ယောက်ကိုများ သမီးရည်းစားထင် ကြရော့လား။ ရည်းစားထားလို့ အမေက ကျောစိစိကြေအောင် ရိုက်သတဲ့။ သီချင်းကထူးတော့ထူးဆန်းသား။ ပျိုတို့မောင်လာကာမှ ဒဏ်ရာကိုလှန်ကာပြလို့ရယ် ငိုပါ့မယ်လေး...ဆိုတာက ကော။ အမေရိုက်သည့်ကျောဒဏ်ရာကို ချစ်သူကိုလှန်ပြရရင် ရှက်စရာကြီး။

“တစ်ချို့ကချောသနှင့်... တို့တောနယ်ရွာစဉ်မတော့ မြို့ကျောဘွယ်တန်ဆာဆင်ကြပုံက... အပြာတွင်ဖဲရောင် ခရမ်းရယ်နှင့်...ပဝါယဉ်ဖဲစောင်မှဆန်းတယ်လို့... ထာဝစဉ်ပွဲ ဆောင်ကိုမြန်းကြတယ်... ကဲ ပြောင်ခန်းဖော်တယ်နော်ကွယ်... အလိုရှင်... လှည်းဆောင်ပန်းပေါ်...”

မအိမ်ကံWhere stories live. Discover now