20

22 1 0
                                    

မအိမ်ကံ (အခန်း ၂၀ အဆက်) // ခင်ခင်ထူး

---

ကိုပြေသိမ်းက စာဖတ်ပြနေရာက “စာကြွင်း”ကို ဖတ်မိတော့ သူ့ဟာသူလည်း အားနာပုံ ရသွားသည်။ မျက်နှာကြီး နီလာခဲ့ကာ အသံကလေး တိမ်သွားလေ၏။ မအိမ်ကံကတော့ ဆိုစရာမရှိပြီ။ အစ်ကို မောင်မြတ်သာက စလိုက်ခြင်း ဖြစ်သော်လည်း ကာယကံရှင် နှစ်ယောက်ဖြစ်သည့် အပျို၊ လူပျို တို့ခမျာ ရှက်ရွံ့စရာ ဖြစ်ရပါ၏။ ဦးသာထန်က သနပ်ခါးတုံးတွေ လောင်းတောင်းနဲ့ အပြည့်ဆိုလို့ အံ့သြနေသည်။

“ငါ့သားနှယ် နှမကိုချစ်တော့ သနပ်ခါးကို လောင်းတောင်း နဲ့ အပြည့် တောင်းခိုင်းသာများ အားနာစရာကွယ်။ တန်ဖိုးသေး မှတ်လို့”

အဖေ့ စကားကြားတော့ မအိမ်ကံ ပို၍ပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ကိုပြေသိမ်းက စာကို ကိုယ်တိုင် ဖတ်ပြဖို့ မှာလိုက်သဖြင့် ဖတ်ပြရခြင်း ဖြစ်ကြောင်း၊ အိမ်မှာ လိုအပ်သမျှ မေးမြန်း ကူညီခဲ့ပါရန် မှာလိုက်ကြောင်း၊ သခင်မြတ်သာ နေကောင်း ထိုင်သာ ရှိကြောင်းများ ပြောပြသည်။ မလှအုံ ကတော့ လူပုံချောလှသော သခင်ပြေသိမ်းကိုသာ ကြည့်နေတော့သည်။

“မင်းတို့ လူငယ်သခင်တွေကော အခြေအနေ ဘယ်လိုလဲကွယ့်”

“အင်္ဂလိပ်က တို့ဗမာ အစည်းအရုံးကို မတရားအသင်း ကြေညာပေမယ့် လျှို့ဝှက် လုပ်ကိုင် နေကြရပါတယ်။ မနှစ်က လယ်သမား အစည်းအရုံး၊ အလုပ်သမား အစည်းအရုံးတွေလည်း ဖွင့်ပြီးကြပြီ။ တူရာ တူရာစုပြီး အင်္ဂလိပ်ကို ဖဲ့တိုက်တဲ့ သဘောပါပဲ ဦးမင်းရယ်”

“အခုက တိုင်းပြည်ကို ဘယ်သူ အုပ်ချုပ်နေသာလဲ။ တို့ကတော့ ကိုယ့်မြေက ထွက်သဲ့ပဲ ကိုယ်ပြုတ်စား နေရသာဆိုတော့ မြို့မှာ ခဏခဏ ပြောင်းနေသာ ဗြုန်းခနဲ သိရသာ မဟုတ်ဘူး။ စိတ်လည်း မဝင်စားကြဘူး။ တိုင်းပြည်ပျက်မှာကိုပဲ စိုးရိမ်နေကြရသာ”

“အခုက ဥပဒေပြု လွှတ်တော်မှာ ဦးစောက နန်းရင်းဝန် ဖြစ်နေပါပြီ။ မနှစ်က ကမ္ဘာစစ် မိန့်ခွန်းပြောလို့ ဒေါက်တာ ဘမော်ကို အင်္ဂလိပ်အစိုးရက ထောင်တစ်နှစ် ချပြန်တယ်။ အုပ်ချုပ်တာကတော့ အင်္ဂလိပ်တွေပါပဲ။ ထူးတော့ မထူးပါဘူးခင်ဗျာ”

မအိမ်ကံWhere stories live. Discover now