15

31 0 0
                                    

မအိမ်ကံ (အခန်း ၁၅ အဆက်) // ခင်ခင်ထူး

---

သီတင်းကျွတ်၊ တန်ဆောင်မုန်း မိုးလေကလေးကင်းတုန်း တောင်သူတွေအသက်ရှူချိန်ကလေးရသည်။ မအိမ်ကံတို့ တစ်ရွာလုံး ရှိသမျှမိန်းမမှန်သမျှ ဝါတွေရောက်လာကတည်းက မနားကြရတော့ပြီ။ မအိမ်ကံပင် အိမ်နောက်ဘက် သြဇာပင်တော၊ သလဲပင်တောကို ရှင်းကာ တဲပြန့်ကြီးထိုးပြီး ရက်ကန်း နှစ်စင်ထပ်ဖြည့်သည်။ တစ်စင်ကို ရွာရက်ကန်းလက်သမား ဘကြီးဆုံနှင့် သီးသန့်ဆင်ယူသည်။ ကျေးဥအမေ အရီးကြာညွှန့်ကို ရက်ကန်းခေါင်းထားကာ လိုသည့်နေရာတွေမှာ သင်ကြားပြသစေသည်။

ဝါပွင့်ဖွေးဖွေးတွေကိုကြည့်ရင်း မအိမ်ကံမျက်စိထဲမှာ ရက်ကန်းစင်တွေက ထွက်လာမည့်ရွာထည်တွေကို မျက်စိထဲ မြင်နေသည်။ ရွာထွက်ဖျင်ထည်ဆိုတော့ မာလကျင်၊ ဂျွန်းငါးကောင်း၊ ပေါ်ပလင်၊ တာဖက်တာ၊ ဘူးသီးပိတ်လို မြို့ပိတ်တွေ ကိုမှ တိုးနိုင်ပါ့မလားဆိုသည့်စိတ်ကလေးတော့ ခုနေခဲ့ပါ၏။ တစ်ဖက်ကလည်း တောထည်ကလေးတွေ၊ လက်ရက်ကန်း ထည်ကလေးတွေကလည်း မျက်နှာငယ်စရာတော့မရှိဟု တွေးမိသည်။ အစစအရာရာ ရှားပါးနေသောခေတ်မှာ ရက်ကန်းဖျင် ထည်တွေသာ အများစုနှင့်လက်လှမ်းမီနိုင်တာကိုတော့ မအိမ်ကံ ယုံပါ၏။

“ဗိုင်းတောင့်တွေကို အုပ်အုပ်ဆိုင်းဆိုင်းထားမှ ဗိုင်းလိပ်တွေ လေမလွင့်တော့ မပေါ့...။ တောင်းတွေထဲထည့်ကြစမ်း။ ဗိုင်းကောင်း ကျောက်ဖိရသဟဲ့”

အရီးကြာညွန့်ကိုယ်တိုင်က ရက်ကန်းတစ်စင်မှာထိုင်ကာ စံနမူနာရက်ပြသည်။ ရွာမှာရက်ကန်းခတ်ချင်သူကလေးတွေ ရှာရမခက်ပါ။ လုပ်ချင်လွန်းလို့ မအိမ်ကံပင် ထောင့်စေ့အောင် စီစဉ်ပေးနေရသည်။ ခတ်နိုင်လေ ပိုက်ဆံမြင်ရလေဆိုတော့ တစ်ဝမ်းတစ်ခါးတော့ အဆင်ပြေရပါ၏။ မအိမ်ကံကို အဖေရော အမေရောက လုပ်ချင်တာလုပ်ကရော့လို့ လွှတ်ထားကြ တာတော့ မဟုတ်ပါ။ ထိန်းကြ ကွပ်ကြတာတော့ရှိပါသည်။ အထည်တွေထွက်လာပါပြီတဲ့။ မြင်းခြံကိုသွားပြီး ရောင်းဝယ် ဖောက်ကားလုပ်ရမည်။ ငွေကြေးအပေးအယူတွေရှိလာမည်။ မိန်းမပျိုကလေးတစ်ယောက်အနေနှင့် ဦးစီးဦးဆောင်လုပ်ရမှာကို မိဘများပီပီ စိုးရိမ်ကြသည်။ စိုးရိမ်သည့်အထဲမှာ မလှအုံ လည်းပါပါ၏။

မအိမ်ကံWhere stories live. Discover now