13

36 1 0
                                    

မအိမ်ကံ (အခန်း ၁၃ အဆက်) // ခင်ခင်ထူး

ကျေးဥခင်မျာ အမေပန်းရုံခိုင်းတော့လည်း မငြင်းသာပါ။ အမေရှိမည်ထင်သည့် နေရာကို ပြေးရတော့သည်။ မအိမ်ကံကတော့ အပေါ်ထပ်ကို တက်လာခဲ့ကာ အခန်းတံခါး ကို ပိတ်လိုက်ပြီး အိပ်ရာပေါ်လှဲလိုက်သည်။ ခါးကြားညှပ် ထားသည့်စာကိုထုတ်ပြီး တစ်ခါ ထပ်ဖတ်သည်။ စာက အစ်ကိုမောင်မြတ်သာ ရေးပေးလိုက်သည့် စာရယ်ပါ။ ကျေးဥကို စချင်လို့ သာအောင်ကပဲ ရည်းစားစာ၊ မေတ္တာစာ ပေးလေဟန် ပြောခဲ့ခြင်းဖြစ်သည်။ အစ်ကိုမောင်မြတ်သာနှင့် သာအောင်တို့ သည်ရက်ထဲမှာ တွေ့ခဲ့ကြပုံပေါ်သည်။ သာအောင်က သူ့အိမ်အတွက် မြင်းခြံကို မကြာခဏ အသွား အလာရှိသူ ဖြစ်သည်။ ဒါဆို အစ်ကို မြင်းခြံမှာ ရှိနေသည် ပေါ့။ စာက အစ်ကိုမောင်မြတ်သာ လက်ရေးမှ လက်ရေး အစစ်။

“နှမလေး မအိမ်ကံ”

အစ်ကိုစာရေးလိုက်ပါ၏။ အစ်ကိုလည်း မြင်းခြံနှင့် ရန်ကုန်မြို့ကို အိမ်ဦးကြမ်းပြင် ကူးလူးနေရပါသည်။ တလောက အင်္ဂလိပ်အစိုးရ အကြည်ညိုပျက်အောင် တရားဟောမှုနှင့် ထောင်ထဲဝင်ရပါသေးသည်။ နှမလေးတို့လည်း သည်သတင်း ကြားပြီးရောပေါ့။ စိတ်မချမ်းမသာ ဖြစ်မှာကိုလည်း အစ်ကို သိပါ၏။ သို့သော် အစ်ကိုတို့လို မျိုးချစ်စိတ်ဓာတ်ရှိသူများအဖို့တော့ သိပ်တော့လည်း ဆန်းလှသည် မဆိုနိုင်ပါ။ ရွာကို အစ်ကိုပြန်မလာနိုင်တာကို ခွင့်လွတ်ကြစေချင်ပါသည်။ အဖေ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာလည်း ပါပါ၏။

အခုစာကတော့ ကံလေးတစ်ဦးတည်းကို ရေးလိုက်သည့် စာပါပဲ။ အကြောင်းမှာ အစ်ကိုတို့ လုပ်နေသည့် အလုပ်အတွက် ငွေကြေးလိုအပ်နေတာကြောင့် ကံကလေးအနေနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို အရင်းခံလျက် တတ်အားသလောက် အလှူငွေ ထည့်ဝင်လိုက်စေလိုပါသည်။ အိမ်ကပစ္စည်းကို မရိုးမဖြောင့် ခိုးယူသည်လည်း မဖြစ်စေချင်ပါ။ ကံကလေးပိုင် ငွေကြေးကိုသာ တတ်စွမ်းသမျှ သန့်ရှင်းစွာ လှူဒါန်းစေချင်ပါသည်။ နောင်အခါ အစ်ကိုနှင့်တွေ့မှ အကြောင်းစုံကို ပြောပြပါမည်။

သည်စာကို ယူဆောင်လာသူ မောင်သာအောင်မှာ အစ်ကိုတို့၏ အလွန်ယုံကြည်ရသော ရွာခံလူကောင်းတစ်ယောက် ဖြစ်သည့်အတွက် ကံကလေးကလည်း ယုံကြည်စွာ လက်ရောက်ပေးအပ်လိုက်နိုင်ပါသည်။ အဖေနှင့်တကွ အမေပန်းရုံ၊ ကံကလေးတို့ ကျန်းမာကြပါစေ။

မအိမ်ကံWhere stories live. Discover now