17

19 1 0
                                    

မအိမ်ကံ (အခန်း ၁၇ အဆက်) // ခင်ခင်ထူး

---

တစ်မနက်ခင်းလုံး မအိမ်ကံ အလုပ်တွေ များနေခဲ့သည်။ အလှူအတွက် ကူဖို့ပြုဖို့ဆိုကာ ချည်စာရှင်းကြသူတွေ ရက်ကန်းစင်ကို မလာနိုင်ကြတာကို မအိမ်ကံ နားလည်ပါ၏။ ရွာမှာ အလှူရှိလျှင် သည်လိုပဲ ဝိုင်းကြဝန်းကြရတာ မဟုတ်လား။ တကယ်ဆိုလျှင် အရီးထီတို့ အလှူအိမ်ကို မအိမ်ကံ ရောက်သင့်ပါ၏။ တစ်ခုထူးဆန်းနေတာက မအိမ်ကံကို ခါတိုင်းလို အပျိုဖိတ် လာမကမ်းခြင်းပဲ ဖြစ်သည်။ အပျိုဖိတ် လက်ခံပြီးလျှင်တော့ အလှူအိမ်ကိုသွားကာ ကူရညီရတာ ရွာ့ထုံးစံ။ အခုတော့ မအိမ်ကံအတွက် အပျိုဖိတ်မလာ။ အလှူက အလှူကြီးမဟုတ်ဘဲ သားကြီးရှင်ဖြစ်ပဲ လှူရလို့လား။ ဒါမှမဟုတ် မအိမ်ကံကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် ကိုင်ရမည့်သူမို့ တမင်နောက်ချန်ဖိတ်မည့် သဘောပေလား။ ညနေဘက်တော့ အလှူအိမ်သွားလိုက်ဦးမည်လို့ တေးထားလိုက်သည်။

မအိမ်ကံက ခြောက်သွေ့ပြီးသား ချည်ခင်တွေကို ချည်စာရှင်းလျှင် အရန်သင့်စေဖို့ ဖိုးတုတ်နှင့် ဖိုးကူးတို့အား အားသန်သန်ဖြင့် ချည်ခင်တွေ ဝါးလုံးလျှိုကာ ခပ်မြင့်မြင့်တန်းဆင်စေသည်။ ချည်အရောင်တွေကို ရက်ရမည့် ရက်ကန်းအဆင် အသွေး လိုက်ဖက်မှု ရှိမရှိ စိတ်ကူးဖြင့် တွဲဖက်ကြည့်သည်။ နဖူးမှ ချွေးကလေးများပင် တုတ်တုတ်ကျလေ၏။

“ရပြီ ဖိုးတုတ်ရော၊ ဖိုးကူးရော ထမင်းစားကြတော့။ မမကံ မစားသေးဘူး။ မောလွန်းလို့။ ရေချိုးပြီးမှ စားတော့မယ်”

မအိမ်ကံမှာ အလုပ်တွေသာ ကျုံးလုပ်နေရသော်လည်း စိတ်က အလှူအိမ် ရောက်နေခဲ့ပါ၏။ အလှူဝင်ရက်ပင် လေးငါးရက်လောက် လိုတော့သည်။ မအိမ်ကံ စိတ်ထဲတစ်စုံတစ်ရာ လွဲချော်နေပြီဆိုတာတော့ သိနေခဲ့ပြီ။ သို့သော် ဘာရယ်လို့တော့ မပြောတတ်နိုင်ပါ။ ကျေးဥပြန်ရောက်မလာ သေးတာလည်း သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ ကျေးဥသာရှိလျှင် သည်သတင်းရအောင် စုံစမ်းခဲ့။ သတင်းမကြားမချင်း ပြန်မလာခဲ့နဲ့လို့ တွန်းလွှတ်လိုက်ရုံ။ အခုတော့ ကနေ့ညမှ ကျေးဥ လာအိပ်မည်ဆို၏။ လာချင်လာ မလာချင်နေ။ သည်ကနေ့တော့ မအိမ်ကံ သင်္ဘောစေ့လား၊ ငရုတ်ကောင်းလား ကွဲချင်ပြီ။ အလှူအိမ်ကို မသွားခင် မမစိမ်းမြဆီ ခဏဝင်ရမည်။ မမစိမ်းမြရက်ကန်းစင်က အထည်ကလေးတွေ အဆင်ကောင်း လှကြောင်း မအိမ်ကံ ကြားထားတာကြာပြီ။ မမစိမ်းမြက တစ်ပိုင်တစ်နိုင်၊ ကိုယ်ပိုင်ရက်ကန်းစင်ကလေးရှိသည်။ စင်က ထွက်သမျှ သူ့ဖောက်သည်ကလေးနှင့်သူ သွင်းရသူဆိုတော့ မအိမ်ကံတို့လိုတော့ အင်အားမကြီးလှပါ။ မမစိမ်းမြဆီ ဝင်မည်ဆိုတော့ ခမျာ ကွမ်းတောင်ကိုင် လာဘ်ဦးလွဲခဲ့ရဖူးတာကိုလည်း သတိရမိပါ၏။ မနက် ဖက်စိမ်းကွမ်းတောင်ကိုင်တော့မည့် ဒင်္ဂမော် မိန်းမချော။ ညဘက် ဓားပြတိုက်ရာမှ လူသေရသဖြင့် အလှူရက် ရွှေ့ရာက မမစိမ်းမြပါ လာဘ်ဦး လွဲရသူအဖြစ် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝက လျောကျခဲ့ ရတာကိုလည်း မအိမ်ကံ မမေ့ပါ။ မမစိမ်းမြခမျာ ဘယ်လို ခံစားရမည် မသိသော်လည်း မအိမ်ကံပင် ကြေကွဲခဲ့ရသည်။ သည်လိုစည်းကမ်းတွေ ဘယ်သူကများ လုပ်သွားတာပါလိမ့်။ ကွမ်းတောင်ကိုင်တစ်ယောက်ဖြစ်ဖို့ မလွယ်ကူနိုင်တာလည်း သိထားပါ၏။ သို့သော် သည်လောက်အထိ ရက်စက်သည့် စည်းကမ်းတွေကတော့ လွန်လွန်းသည်ထင်သည်။

မအိမ်ကံWhere stories live. Discover now