31

22 1 0
                                    

မအိမ်ကံ (အခန်း ၃၁ အဆက်) // ခင်ခင်ထူး

---

သမီးကြီး မအိမ်မြိုင် ခြောက်နှစ်သမီး အရွယ်က ဆယ့်နှစ်နှစ် သမီး အရွယ်ရောက် လာသည့်ကြား ကာလအတွင်း ဇောင် ချမ်းကုန်း ရွာသည်လည်း ပြောင်းလဲခဲ့သည်။ ဟိုတုန်း ဟိုခါ ကလို စရိုက်ဘာသာ အေးအေးလူလူ နေခဲ့ကြသူတွေချည်း မဟုတ်တော့။ အချိန်တန်တော့ မိုးရိပ် လေဆင်ကြည့်၍ ယာ ကလေးထွန်၊ ကိုင်းကလေးထွန်၊ ပြောင်းကလေးချ၊ နှမ်းက လေးချ ဆိုသည့် ဓားမဦးချတွေ ချည်းပါလို့ ပြောဖို့ပင် ခက်သွားလေပြီ။ လွတ်လပ်ရေး မရမီက အစစအရာရာ အသိအမြင် အောက်ကျခဲ့သည်ပဲဆိုဆို နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြသည်။

တစ်ခါတစ်ရံ ဘယ်သူတွေ အုပ်ချုပ်နေမှန်းပင် မသိ။ လွှတ်တော်တွင်းမှာ နိုင်ငံရေး သမားတွေ အပြောင်းအလဲ ရှိတိုင်း ဇောင်ချမ်းကုန်းကို ရောက်လာတာ မဟုတ်တော့။ ငရုတ်တစ်ကိုက်၊ ထန်းတစ်ကိုက် စပ်တော့လည်း စပ်လို့ ချိုတော့လည်း ချိုလို့ ဆိုတာလောက်သာ အာရုံ ရှိခဲ့ကြပါ၏။ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းမှာ တော့ ဇောင်ချမ်းကုန်းလည်း သက်တံကွေး ထွက်သလို စို့ထွက်လာကာ အရောင်စုံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း သူကြီး လုပ်ပိုင်ခွင့်တွေ များလာသည်။ ရွာသူကြီးကို ကျေးရွာကပဲ ရွေးကောက်ရသည်။ သူကြီးသက် ငါးနှစ်ကုန်လို့ နောက်ငါးနှစ် လုပ်ပိုင်ခွင့် ရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေး ကော်မတီ ရှိလာသဖြင့် ထိုနေရာတွေကို မက်မော လာကြရာက အုပ်စုကွဲ၊ ဆွေမျိုးကွဲတွေ ဖြစ်လာကြသည်။ ကျေးရွာသူကြီးနှင့် ကျေးရွာ ကော်မတီတို့ တရားစီရင် ရေးတွင် အခွင့်အာဏာ အတန်အသင့် ရကြသည့် အလျောက် ထိုအခွင့်အာဏာ အပေါ် ယိုယွင်းမှုများ၊ မတရားမှုများ၊ ဘက်လိုက်မှုများ ရှိလာခဲ့သည်။

သည်မှစကာ ရှေးအခါက မည်သူမျှ စိတ်မဝင်စားခဲ့သော နိုင်ငံရေးသည် ဇောင်ချမ်းကုန်းတွင် ခေတ်စား လာခဲ့ပါ၏။ အချင်းချင်း စိတ်ဝမ်းကွဲကြရာမှ မညီမညွတ် ဖြစ်လာကြကာ ရပ်ရေးရွာရေးထက် ကိုယ်ကျိုးကိစ္စ ခေါင်းပေါ် ရွက်လာကြသည်။ ကျေးရွာ အုပ်ချုပ်ရေးတွင် သူကြီးနှင့် အပြိုင်ဖြစ်သည့် ကျေးရွာ ကော်မတီတွင် သာအောင့်ကို ဝိုင်းဝန်း မြှောက်တင်ကြရာမှ ဇောင်ချမ်းကုန်းတွင် သူကြီးထက်ကျော်ကာ သာအောင် က ထင်ပေါ်လာခဲ့ပါ၏။

မအိမ်ကံWhere stories live. Discover now