34

19 1 0
                                    

မအိမ်ကံ (အခန်း ၃၄ အဆက်) // ခင်ခင်ထူး

---

“မအိမ်ကံ၊ ဟဲ့ မအိမ်ကံ... ညည်းနှယ် နေကြီးပြူးပြူး ထွက်နေပြီအေရဲ့။ ဆွမ်းခံကိုယ်တော်တွေတောင် ပြန်ကြွကြပြီ။ ထ ထ၊ ရေချိုးလိုက်ဦး”

မအိမ်ကံနားထဲမှာ ကြားနေရသည့်အသံက ကျေးဥ၏ အသံ။ မျက်လုံးတွေကို ဖွင့်မရချင်။ ရင်ထဲမှာ မောဟိုက်လွန်း လှပါ၏။ ဝမ်းနည်းလွန်းလှသဖြင့် လက်ထဲက ပဝါစကို ဆုပ်စမ်းကြည့်သည်။ မရှိ။

“ပဝါကော၊ ပဝါကော၊ ကိုပြေသိမ်းပဝါ”

“ဘာပဝါလဲ မအိမ်ကံ။ ညည်းယောင်နေလို့ ငါနှိုးသာ၊ ထ ထ၊ ရေတစ်ပေါက် သောက်လိုက်ဦး။ ကြည့်စမ်းပါဦး။ ချွေးတွေများ ပြန်လို့အေ”

ကျေးဥ အသံကြားရပြန်ပြီ။ သည်တော့မှ အသိကလေး ပြန်ကပ်လာကာ မျက်လုံးတွေ ဖွင့်ကြည့်လိုက်သည်။ ကျေးဥ က ခုတင်ဘေးတွင် ရပ်လျက်ရှိ၏။ မအိမ်ကံ ဘယ်လောက်တောင် လန့်အော်လိုက်သည်မသိ။ ကျေးဥပင်ကြားရသည်ဆိုတော့ အသံကျယ်လို့ ဖြစ်လိမ့်မည်။ ဟုတ်ပါရဲ့။ မိုးကြီးစင်စင် လင်းကာမှမက်သည့် အိပ်မက်က ဝေဝေဝါးဝါး မဟုတ်။ ရှင်းရှင်းလင်းလင်းကြီး ဖြစ်သည်။ မအိမ်ကံ ရင်ထဲမှာ မှန်ထဲက မိန်းမနှင့် အချီအချ ပြောသည့်စကားတွေ ကြားယောင်နေမိဆဲ ဖြစ်၏။ ရေအိုးထဲကရေ အေးမြမြပင် ခံစားနေရတုန်းဖြစ်၏။ ဖုန်ခိုးတွေကကော။ အိပ်မက်နှင့် ပတ်သက်၍ မလှအုံပြောခဲ့ဖူး သည့်စကားရှိသည်။ ညဦးတစ်နှစ်ဆောင်၊ သန်းခေါင်လခွဲ၊ သန်းလွဲခုနစ်ရက်၊ မိုးသောက်မက်တစ်လကြာ မှတ်ပါအိပ်မက် အကျိုးတည်းတဲ့။

“ငါတို့တော့ ညဘက် ဘုရားရှိခိုးရင် စည်ကြီးခွက်ခွင်း နရီပတ်သာ ခရာခေါင်းလောင်းသံကြား မက်ပါရစီ။ မြင်းမိုရ် တောင်ခေါင်းအုံးမက်ပါရစီ။ သမုဒ္ဒရာသင်ဖြူးခင်း မက်ပါရစီ။ ရေအိုးထဲ နေနဲ့လတွေ့သာ မက်ပါရစီ။ နေအိမ်ဖွဲ့လအိမ်ဖွဲ့ မက်ပါရစီ ဆုတောင်းသာ။ အသက်ကလေး ရလာတော့ တချို့ အိပ်မက်က စင်းသာ မှတ်မှတ်သားသားရှိသယ်။ သွေးလေ ချောက်ချားလို့ မက်သာလည်း ရှိသာပါပဲ။ ဒါပေသိ အိပ်မက် တိုင်းသာ နိမိတ်ဖြစ်ရရင် ခက်ခက်ရချေရဲ့”

မအိမ်ကံWhere stories live. Discover now