8

43 1 0
                                    

မအိမ်ကံ (အခန်း ၈) // ခင်ခင်ထူး

မအိမ်ကံ ပထမဆုံးရသည့်အနံ့မှာ မာလကာရွက်နံ့၊ သွေးဆေးနံ့တွေ ဖြစ်သည်။ သည်အနံ့က အမေပန်းရုံ မူးသည် မော်သည်ဆိုလျှင် ရှူနေကျအနံ့ဖြစ်သည်။ ကိုဖိုးငွေက မာလကာရွက်ရင့်ရင့် လက်တွင်းတစ်ဆုပ်ခူးကာ ရေပင်မဆေးဘဲ လက်ဖဝါးကြမ်းကြမ်းထဲ ထည့်ချေသည်။ မာလကာရွက် သတ္တုရည်တွေ နူးလာပြီဆိုတော့ သွေးဆေးမှုန့် မန်ကျည်း နှစ်စေ့လောက်ထည့်ကာ ပွတ်ပြန်သည်။ ပြီးမှ မအိမ်ကံ နဖူးထိပ်မှအောက်ကို ဆွဲဆွဲချသည်နှာခေါင်းနားရောက်တော့ ခဏကလေးရပ်ကာ အနံ့တွေများများဝင်အောင် ရှူစေသည်။ ပြီးပြန်တော့ အောက်မေးဖျားအထိ ဆက်ဆွဲချ။ သည်အနံ့ကို မအိမ်ကံ မျှင်းမျှင်းကလေး ရှူနေခဲ့သည်။ သူ့နားထဲမှာ အသံတွေ စီစီ စီစီ ကြားနေရဆဲဖြစ်သည်။

အဖေကော အမေပန်းရုံကာ ..အစ်ကိုကော ..။ မအိမ်ကံ နောက်ဆုံးမှတ်မိတာ အဖေက အစ်ကို့ကို သေနတ်နှင့် ထိုးချိန်လိုက်တာကိုပဲ ဖြစ်သည်။ အစ်ကို့ကို အဖေ တကယ်များ ပစ်လိုက်လေသလား။

“သမီး မအိမ်ကံ သတိရပြီလား ရှူစမ်း … ငယ်ထိပ်ပေါက်အောင်ရှူ.. ”

အမေပန်းရုံက မအိမ်ကံနဖူးပေါ်ဝဲကျနေသည့် ဆံစကလေးတွေကို သပ်တင်ပေးနေတာလည်း မအိမ်ကံ သိနေပါသည်။ မျက်လုံးတွေဖွင့်ကြည့်တော့ ဆေးနံ့ပေးနေသော ကိုဖိုးငွေ၏ လက်ဖဝါးကြီးနှစ်ဖက်က မျက်နှာပေါ်မှာပိတ်လို့။ မာလကာရွက် သွေးဆေးနံ့ ကိုမအိမ်ကံ တစ်ဝရှူလိုက်ပါ၏။

“သမီး … ဘယ့်နှယ်နေတုံး”

“ရင်ဘတ်တွေ ခုန်နေသယ် အမေ”

မအိမ်ကံက နှလုံးတွေ မငြိမ်သေးတာကို ပြောတတ်သလို ပြောလိုက်ခြင်းဖြစ်သည်။ တကယ်လည်း ရင်ဘတ်ကလေးတစ်ခုလုံး လှည်းမီးချသည့် ဒေါက်ဖို့က ဖားဖိုကြီးလို နိမ့်ချည် မြင့်ချည်။ အဖေ့ကိုရော အစ်ကို့ ကိုရော မအိမ်ကံ မမြင်တော့ စိုးရိမ်သည်။ အရေးထဲ ကိုဖိုးငွေ ဆေးငွေ ပေးသည့်လက်ကြီးက တမှောင့်။ မအိမ်ကံ မျက်နှာကလေးငုံနေရသည်။

“ကိုင်းပါ ကိုဖိုးငွေရဲ့ တော်လောက်ပါပြီ.…မအိမ်ကံတောင် မွှန်လာပြီ”

မအိမ်ကံWhere stories live. Discover now