16

19 1 0
                                    

မအိမ်ကံ (အခန်း ၁၆) // ခင်ခင်ထူး

လူရွယ်က မျက်နှာတစ်ချက်ပျက်သွားရာမှ သတိပြန်ဝင်လာသူလို လှုပ်သွားလေသည်။ မျက်နှာက အားနာဟန်ရှိပါ၏။

“သြော် ကိုမြတ်သာရဲ့ နှမပေကိုး စိတ်မကောင်းလိုက်တာဗျာ။ ကိုမြတ်သာ သည်မနက်ပဲ ခရီးထွက်သွားပါတယ်။ မောင်နှမချင်း လွဲရပြီကောဗျာ။ ဆရာကြီးတို့ ရှိကြပါတယ်”

လူရွယ်က တံခါးနှစ်ချပ်ကို လှပ်ကာ ဖွင့်ပေးလိုက်ပြီး ကိုယ်ကို ယို့ပေးတော့ မအိမ်ကံလည်း ခြံထဲဝင်လာခဲ့သည်။ လူရွယ်က မအိမ်ကံနောက်က ပါလာမှန်း မအိမ်ကံ သိနေခဲ့သည်။ ဖိုးကူးနှင့် ကျေးဥတို့ကတော့ လှည်းပေါ်ကပဲ အကဲခတ်နေကြပုံဖြင့် မဆင်းပဲရှိနေကြ၏။ မအိမ်ကံကို ဆရာကြီး ဦးဘခင်က ဆီးကြိုသည်။ ဆရာကြီးပင် နည်းနည်းပိန်သွားသည် ထင်ရ၏။

“အလို မောင်မြတ်သာ နှမလေးပါလား။ လာ ထိုင်ပါဦးကွယ့်။ ညည်းအစ်ကိုတော့ ခရီးထွက်သွားပြန်တယ်။ လူငယ်တွေဆိုတော့ တိုင်းရေးပြည်ရေး လုပ်ရမယ်ဆိုရင် စိတ်ကနောက် လူကရှေ့ကကိုး သမီးရဲ့။ မိဘနှစ်ပါးကော ကျန်းခံ့သာကြရဲ့လား”

မအိမ်ကံက ဧည့်ခန်းကွပ်ပျစ်စားပွဲဝိုင်းမှာကျုံ့ကျုံ့ကလေး ဝင်ထိုင်သည်။ မအိမ်ကံ ဝင်ထိုင်တာကို တွေ့မှ ဖိုးကူးနှင့် ကျေးဥက ဆရာကြီးကို ကန်တော့ဖို့ ရွာလက်ဆောင်တွေကို ထမ်းချကြသည်။ ကျေးဥက မအိမ်ကံ ဘေးမှာ ဝင်ထိုင်သော်လည်း ဖိုးကူးက လှည်းရှိရာပြန်သွားကာ ဖိုးတုတ်နှင့်အတူ လှည်းကူချွတ်ရင်း အိမ်ရှေ့သစ်ပင်ရိပ်မှ စောင့်နေလေသည်။ မအိမ်ကံတို့ စားပွဲဝိုင်းမှာ ဆရာကြီးနှင့်အတူ စောစောက တံခါးဖွင့်ပေးသူ လူချောကလည်း ဝင်ထိုင်သည်။

“ကျန်းမာကြပါတယ် ဆရာကြီး။ အဖေကတော့ ခါတိုင်းလောက် မသွက်တော့ဘူး။ အမေကတော့ အဖေအိမ်မှာ နားနေတော့ ဝမ်းသာရှာပါသယ်”

“အေးပေါ့ကွယ်။ သူကြီးမင်းကလည်းအရွယ်ရပြီစိတ်ဆောင်နေလို့သာကိုး။သားစိတ်လည်းပါပေမပေါ့။ ဆရာကြီးတို့ကလည်း မိရယ် ဘရယ် သွားတွေ့ချေပါဦးကွယ်လို့ မောင်မြတ်သာကို ပြောပါသကွယ်။ နို့ပေမယ့် မောင်မြတ်သာခမျာလည်း စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားခွင့်မသာလေတော့...”

မအိမ်ကံWhere stories live. Discover now