5

61 3 0
                                    

မအိမ်ကံ (အခန်း ၅ အဆက်) //ခင်ခင်ထူး

သူကြီးကတော်က လှမ်းဟစ်လိုက်တော့ မြက်စဉ်းဖို့ပြင်ရာက မလှအုံ အပြေးတစ်ပိုင်းထွက်လာခဲ့သည်။ ကိုဖိုးငွေနှင့် မလှအုံတို့မှာ ဦးသာထန် တူနှင့် ဒေါ်ပန်းရုံ တူမ နှစ်ဖက်တော် ဆွေမျိုးတွေဆိုတော့ ဆဲလည်း မနာ၊ ဆိုလည်း မနာ။ သူကြီးအရိပ်ကို ခိုကာ အလုပ်နှင့်အကိုင်နှင့် မပူမပင် မကြောင့်မကျ နေရတာကိုက ကျေးဇူးတရား ကြီးမားလှပြီ အောက်မေ့ကြသူတွေဖြစ်၏ အမေပန်းရုံ ရက်ကန်းရုံထဲက အပြေးထွက်သွားသည်နှင့် မအိမ်ကံလည်း ထွက်လိုက် လာခဲ့သည်။ မလှမ်းမကမ်းမှာရပ်ရင်း အဖေနှင့်အမေကို အကဲခတ်သည်အမေမန်းရုံ နောက်ကို ရောက်သွားတော့ အမေ့နား ပြေးကပ်လိုက်သည်။

“အမေ အဖေ မြင်းခြံကို သွားရတော့မှာပေါ့ ဟုတ်လား … မအိမ်ကံ အစ်ကိုဆီ လိုက်ချင်သဲ့အကြောင်း ပြောပေးဦးလေ အမေရဲ့”

“ဪ ဟုတ်သားပဲ.. သမီးလိုက်ဖြစ်ရင် အမေလုပ်ပေးရဦးမှာတွေ ရှိသေးသယ် ကဲ လာလာ ညည်းအဖေ သွားပြောရအောင်”

အဖေက အိမ်ကြီးဧည့်ဆောင်ထိပ်မှာ ထန်းပက်လက်ကုလားထိုင်ကြီးဖြင့် ထိုင်နေသည် မအိမ်ကံကိုမြင်တော့ အဖေက လက်နှစ်ဖက်ကို ဆန့်တန်းကာ

“လာပါဦး သမီးရဲ့ အနားများ တအောင့်တဖြုတ်တောင် မကပ်ဘူး” ဆိုကာ မအိမ်ကံကို ဆီးပွေ့သည်။ ဒေါ်ပန်းရုံက သားအဖနှစ်ယောက်ကိုကြည့်ရင်း ပြုံးလိုက်သည်။ သူတကာတွေ မြေးချီနေသည့်အရွယ်မှာ ဦးသာထန်က သမီးကလေး ပလူမွေး ပလူတောင်ကို ပွေ့နေရတုန်းပါလား။

“တော့်သမီးက သူ့အစ်ကို လွမ်းလို့ သဲ့တော်.. မြင်းခြံလိုက်ချင်လို့သဲ့”

မအိမ်ကံက အဖေကို မော့ကြည့်လိုက်သည်။ အဖေ့မျက်နှာက ပြုံးနေရာက တည်တည်ကြီးဖြစ်သွားသည်။ မြင်းခြံလိုက်ခွင့် မပေးရင်တော့ အဖေ့ကို မအိမ်ကံ စိတ်ကောက်ပစ်လိုက်ဖို့ တေးထားလိုက်သည် ခြံဝမှာ ချည်ထားခဲ့သော မြင်းကြီးစိန်ပွင့်က တစ်ချက် ထဟီလိုက်တော့ မနော်နွယ်သရက်ပင်ပေါ်က ငှက်ကလေးတွေပင် ဝေါခနဲ လန့်ပျံကုန်ကြလေ၏။

---

မနက်စောစော ကြက်ဦးတွန်ကတည်းက မအိမ်ကံ အိပ်ရာက နိုးနေခဲ့သည်။ တစ်ခါမျှ မရောက်ဖူးသော မြို့ဆိုတာကို ရောက်ချင်သည့်စိတ်စောတာ ပါသလိုတစ်အိမ်လုံး မီးတွေထိန်အောင် ထွန်းရင်း ပစ္စည်းတွေ လှည်းပေါ်တင်နေကြသည့်အသံတွေက ကျွက်ဆူကျွက်ဆူနှင့်ပြီမဟုတ်လား

မအိမ်ကံWhere stories live. Discover now