6

44 2 0
                                    

မအိမ်ကံ (အခန်း ၆ အဆက်) // ခင်ခင်ထူး

“အင်းပါ … မအိမ်ကံ အဝတ်ဖာထဲ ထည့်ယူသွားမယ် … မလှအုံတောင် မသိစေရဘူး... ဆရာကြည့်ကိုပေးရင် နိုင်ငံရေးကမ္မဝါလို့ ပြောလိုက်မယ်”

မအိမ်ကံစကားကို မောင်မြတ်သာက အားရပါးရ ရယ်သည်။ နားလည်လောက်သည့် စကားလုံးများသုံးကာ တိုင်းပြည်အခြေအနေတွေ ပြောပြတော့ မအိမ်ကံမျက်စိထဲမှာ အိမ်တွင် ဝင်ထွက်သွားလာနေကြသည့် ရွာသူရွာသားတွေကို မြင်ယောင်လာခဲ့သည်။

“ကံကလေးကို အစ်ကို တစ်ခုပဲ မှာချင်သယ် .. တိုင်းရေးပြည်ရေး အခြေအနေမကောင်းလို့ ရွာတွေမှာ ဗရုတ်ဗရက်ဖြစ်ခဲ့ရင် အစ်ကိုမှာထားသဲ့အတိုင်း ပဲမှော်တိုက်ဘက်ကို ပြေးပုန်းနေနော်..ဘာကိုမှတော့ ကြောက်စရာမလိုပါဘူးကွယ်”

မောင်မြတ်သာက နှမကို အထပ်ထပ်မှာသည်။ ရွာတွေမှာက သူကြီးကလွဲပြီး အားကိုး စရာ ရှိတာမဟုတ်။ လူမိုက် လူရမ်းကားဆိုတာမျိုးက တောရွာတွေမှာ ထစ်ခနဲဆို အတင့်ရဲ တတ်ကြသည်။ အဖေ့ကိုလည်း သူ စိုးရိမ်သည်။ အဖေက သူကြီးရာထူးကလေး မက်မောနေ တာကလွဲလို့ အကျိုးသင့် အကြောင်းသင့် ဘာတစ်ခုမှ နားလည်ရှာသူမဟုတ်။ အဖေကိုယ်တိုင် သည်ပင် သူကြီးဆိုသော်လည်း တစ်ပါးနိုင်ငံသား အင်္ဂလိပ်အစိုးရ၏ အခိုင်းအစေခံတစ်ယောက် မဟုတ်လား။

နောက်တစ်နေ့မနက်မှာ ဦးသာထန်သည် ကိုဖိုးငွေလှည်းနှင့် ရောက်လာသည်။ သားဖြစ်သူ မောင်မြတ်သာနှင့် စကားတွေပြောကြတော့ မောင်မြတ်သာက ဖအေပေသိ သတိပေး သင့်သလောက် ပေးရှာသည်။ သားက ပြောတော့လည်း ဦးသာထန်က လေပျော့ကလေးနှင့် ဆိုရှာပါ၏။

“အေးပါကွယ် .. အဖေ သတိရှိပါသယ်.. အဖေ့အလုပ်ကို အဖေလုပ်သာကလွဲလို့ ရွာသူရွာသားတွေကို ဒုက္ခမပေးပါဘူး မနှစ်က သရောကြီးခိုင်းလို့ မို့ ငတ်ကြသာပါ... သည်နှစ် မိုးပြန်ကောင်းလာပါဘီကွယ် ... အခွန်အခလည်း လျှော့ကောက်ရုံမက ဘူး အဖေ့အိတ်ထဲကတောင် စိုက်ရပါသေးတယ် မင်းသာ ပညာတတ်အောင် သင်ပါကွာ မင်း မြင်းခြံမြို့ အုပ်ဖြစ်တော့ သည်ဥပဒေတွေ ပြင်လိုက်ပေါ့ကွ ငါ့သားရ ငွေလိုရင်လည်း မှာလိုက် .. အခုကော လောက်ငရဲ့လား”

မအိမ်ကံWhere stories live. Discover now