'' Boss ၊ ဒါက ပြီးခဲ့တဲ့ လတွေရဲ့ လချုပ်စာရင်းတွေပါ''
''ဟုတ်ပြီ၊ ခုံပေါ်မှာဘဲ တင်ခဲ့လိုက်''
''ဟန်နီ ကော်ဖီဖျော်ခဲ့ပေးရမလား Boss ''
''ကော်ဖီကို အရင်ကထက် နည်းနည်း ပို ခါးခါးလေး ဖျော်ခဲ့ပေးပါ''
''ဟုတ်ကဲ့''
ဟန်နီက ကျွန်မရဲ့ အတွင်းရေးမှူးဆိုလဲ ဟုတ်တယ်၊ ကျွန်မရဲ့ သူငယ်ချင်းဆိုလဲ ဟုတ်တယ်၊ ကျွန်မကို နားလည်ပေးနိုင်တဲ့ တစ်ယောက်ထဲသော သူဆိုလဲ ဟုတ်တယ်။
''ကော်ဖီ ရပါပြီ boss ၊ အရင်က သူမ ကို သတိရနေတုန်းဘဲလား boss ရယ်''
''ဟုတ်တယ် ဟန်နီ၊ သတိရတာတော့ အချိန်တိုင်းပါ ဒါပေမဲ့ အခုလို June လရဲ့ ကျောင်းစဖွင့်တဲ့ရက်တွေဆို ပိုသတိရလာတယ်၊ လွမ်းတယ်လို့ပြောချင်ပေမဲ့ အဲ့စကားလုံးက ကို့အတွက် သုံးခွင့်မရှိခဲ့ဘူးလေ''
''လွန်ခဲ့တဲ့ ၄ နှစ်ကပေါ့ ''
ကျွန်မ နာမည်ကတော့ အိမ်ခြူးမောင်ပါ။ သူငယ်ချင်းတွေကတော့ စနောက်ပြီး မောင်လို့ခေါ်ကြပါတယ်၊ မေမေတို့ကတော့ တစ်ခါတစ်လေ အိမ့်ခြူးလို့ ခေါ်ကြတယ်၊ ကျောင်းက ဆရာမတွေကလဲ အိမ့်ခြူး လို့ဘဲ အများဆုံးခေါ်ကြပါတယ်။
ကျွန်မတို့ မိသားစုက မချမ်းသာသလို မဆင်းလဲ မဆင်းရဲကြပါဘူး၊ သာမန် အစိုးရဝန်ထမ်း မိသားစုလေးပါဘဲ ၊ အကျယ်တဝင့်တော့ မပြောပြတော့ပါဘူး မေမေကအိမ်ရှင်မကောင်းတစ်ယောက် ၊ ဖေဖေ ကအစိုးရဝန်ထမ်း၊ အစ်ကိုကတော့ တက္ကသိုလ်ကျောင်းသား၊ ကျွန်မကတော့ ၁၀ တန်းကျောင်းသူပေါ့။ မောင်က (အ.ထ.က.........၊မော်လမြိုင်မြို့)မှာ ကျောင်းတတ်နေတာပါ။
''မေမေရေ ၊ သမီးကျောင်းသွားတော့မယ်နော်''
''အယ် ၈နာရီဘဲ ရှိသေးတယ်လေ သမီး''
''ကျောင်းစဖွင့်ရက်ဆိုတော့ စောစောသွားပြီး သန့်ရှင်းရေးတွေ ဝိုင်းကူပေးမလို့ပါ မေမေ''
''ထမင်းကတော့ နေ့လည်ကျရင် လာပြန်စားလိုက်တော့နော် သမီး''
''ဟုတ်ကဲ့ မေမေ''
ကျောင်းနဲ့ အိမ်က သိပ်မဝေးဘူးလေ ဒါကြောင့် နေ့တိုင်း ကျောင်းကို လမ်းလျှောက်သွားရတာ အိမ့်အတွက်တော့အကျင့်ဖြစ်နေပါပြီ။ လမ်းလျှောက်ရင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်ရတာဟာ သိပ်ကိုလှပတယ်။ အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ ရောင်စုံထီးလေးတွေကို မိုးဖွဲဖွဲလေးအောက်မှာ မြင်ရတာဟာ သိပ်ကို လှပတဲ့ ပန်းချီကား တစ်ခုလိုပါဘဲ။
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။