''ကယ် အခု ဆရာမ နာမည်ခေါ်တဲ့ သူတွေ မတ်တပ်ရပ်ပေးပါ''
''ဝါဝါလင်း၊ သော်တာလွင်၊ အိအိဖြူ၊ အေးသီတာ၊ အိမ့်ခြူးမောင်..''
''ဆရာမ နာမည်ခေါ်လိုက်တဲ့သူတွေ အကုန်ထွက်လာပြီး မဲလာနှိုက်ပေးပါ''
''မဝါလင်း ၊ ဆရာမက ဘာလို့မဲနှိုက်ခိုင်းတာလဲ''
''မသိဘူးလေ''
''မဲလိတ်ထဲမှာ ဘာရေးထားလဲဆိုတာ တစ်ယောက်တစ်လှည့်စီ ဆရာမကိုပြောပေးနော်''
''အဝါသင်း ၊ လိမ္မော်သင်း ၊ အပြာသင်း၊ အစိမ်းသင်း '' All
''အိမ့်ခြူးမောင် ဘာအသင်းကျလဲ သမီး''
''အနီသင်းပါ ဆရာမ''
''ဟုတ်ပြီ ၊ ဆရာမ နာမည်ခေါ်ထားတဲ့သူတွေက အသင်းခေါင်းဆောင်တွေဘဲ ''
''ဟုတ်ကဲ့'' All
..........................................''အရှေ့ဆုံး အတန်းကထိုင်ပြီး ယိမ်းကို ငေးကြည့်နေတဲ့ ကလေးမလေးက စာတော်တယ်တဲ့ ၊ နှစ်တိုင်းဆုရနေကြကလေး ပြီးတော့ တစ်ကျောင်းလုံးက ဆရာမတွေရဲ့ အချစ်တော်လေးလေ လိမ်လဲလိမ်မာတယ်တဲ့''
''ဘယ်ကနေ သိလာပြန်တာလဲ မချိုမာ''
''တို့သိချင်လို့ မကြည်ဝေ ကို မေးကြည့်လိုက်တာပါ''
''မချိုမာ ပြောလဲပြောချင်စရာ၊ ယိမ်းကို ငေးကြည့်နေတဲ့ပုံလေးကလေ ပြူးကြောင်ကြောင်လေးနဲ့ ချစ်စရာလေး ''
''အဲ့ ကလေးမလေး နာမည်က ဘယ်လိုခေါ်လဲဟင် မချိုမာ''
''အိမ့်ခြူးမောင်တဲ့''
''ဘာလဲ ၊ နာမည်မှတ်ပြီး စာတွေမေးတော့မလို့လား ယိမ်း''
''မမစန်းကလဲ''
''တို့ ပြောတာမဟုတ်လို့လား ယိမ်း''
''ဟီး...ဟီး...ဟုတ်တယ် 😁''
.............................................ညနေ ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းရှေ့မှာ အဖြူရောင် ကားတစ်စီး ရပ်ထားတာကိုတွေ့လိုက်တယ်။ ကားနာမည်တွေကိုတော့ အိမ့်သေချာမသိပါဘူး ဒါပေမဲ့ စျေးအရမ်းကြီးတဲ့ ကားအမျိုးအစားဆိုတာတော့ ကြည့်လိုက်တာနဲ့ တန်းသိနိုင်တယ်။ ထိုကားထဲကို တီချယ်ယိမ်း ဝင်သွားတာကို တွေ့လိုက်တယ်။ အိမ့် သေချာ သိလိုက်ရတာ တစ်ခုက အိမ့်တို့က မိုးနဲ့မြေလို ကွာခြားတယ်ဆိုတာဘဲ။
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။