Part 28

1.9K 90 14
                                    


''မောင် ၊ ငါပြောစရာရှိလို့''

''ဘာပြောမလို့လဲ မဝါလင်း''

''ဒီတစ်ခါကျောင်းတတ်တာ မြန်နေသလိုဘဲနော် ဘာလိုလိုနဲ့ ကျောင်းစုံညီတောင်ရောက်တော့မယ် ''

''အင်း မဝါလင်းပြောတာလဲ ဟုတ်သားဘဲ ၊ ကျောင်းစုံညီပြီးလို့ စာမေးပွဲကြီးဖြေပြီးရင် ကျောင်းကြီးပိတ်တော့မှာ''

''ငါတော့လေ နောက်ဆုံးနှစ်မှ ကျောင်းကိုမခွဲနိုင်ဘူးဖြစ်နေတယ် ကျောင်းတတ်ရတာလဲပျော်တယ်''

''မဝါလင်းကလဲ ကျောင်းကြီးတောင်မပိတ်သေးဘူးအခုကတည်းက ကျောင်းကိုလွမ်းနေပြီလား''

''ကျောင်းပိတ်တော့မယ်ဆိုတာကို ငါစဥ်းစားလိုက်ရင် ဝမ်းနည်းလာသလိုဘဲဟာ''

''အင်း မောင်လဲ ယိမ်းနဲ့အကြာရီးခွဲရမှာ ''

''ကယ် ကယ် အားလုံး နားထောင်မယ် တီချယ်ပြောစရာရှိလို့''

''ဟုတ်ကဲ့''All

''အားလုံးသိတဲ့အတိုင်း စာမေးပွဲကြီးမဖြေခင် တီချယ်တို့နှစ်တိုင်း ကျောင်းစုံညီ လုပ်တာသိတယ်မလား''

''ဟုတ်ကဲ့ တီချယ်''All

''အဲ့တော့ အပျော်လေးလဲလျော့ စာလေးလဲ လုပ်ဟုတ်ပြီလား ၊ စုံညီရောက်ဖို့က တစ်ပတ်ဘဲလိုတော့တယ် အဲ့တော စုံညီမှာ ကမဲ့သူတွေစုပြီး တီချယ့်ကိုစာရင်းလာပေးနော်''

''ဟုတ်ကဲ့''All

''ဝါလင်း ဒီနှစ်စုံညီမှာ ကအုံးမှာလား သမီး''
''ဟုတ်ကဲ့ တီချယ် ''

အယ် ခုနကဘဲ ကျောင်းပိတ်မှာကိုစဥ်းစားလိုက်ရင် ဝမ်းနည်းနေသလိုဘဲဆိုတဲ့သူက အခုကျတော့ စုံညီမှာကမလားမေးတော့ ချက်ချင်းကို မျက်နှာရီးကပြုံးဖြီးသွားတာဘဲ

''ဒါဆို သမီးဘဲ လူစုပြီး စာရင်းကို ''တီချယ့်ကိုလာပေးနော်

''ဟုတ်ကဲ့''

''အိမ့်ခြူး ''

''ရှင် တီချယ်''

''ဆုယူဖို့ တီချယ် မော် ဖိတ်စာလာပေးတာရတယ်မလား သမီး''

''ဟုတ်ကဲ့''

''မေမေ့ကိုလဲ ပြောလိုက်အုံးနော် ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now