Part 47

2.2K 117 24
                                    

ညနေက ယိမ်းတို့အိမ်မှာ ထမင်းစားတုန်းက မောင့်မှာ ရင်တွေတုန်လိုက်တာ ဆိုတာ ထမင်းတောင်  ဘယ်လို စားလို့ကုန်လို့ကုန်သွားမှန်းကို မသိလိုက်ဘူး

ခြေလက်ဆေးပြီးတော့ မောင်လဲ ကုတင်ပေါ်ထိုင်ပြီး ဖုန်းသုံးနေတဲ့အချိန် မောင့်စီကို ဖွားဖွားက ဖုန်းဆက်လာခဲ့တယ်

''ဟယ်လို ဖွားဖွား ၊ နေကောင်းရဲ့လား''

''နေက ကောင်းပါ့ရှင် ၊ တကတည်းပါဘဲ ပြန်သွားတည်းက ကိုယ့်အဖွားစီကို ဖုန်းလေးတောင်တစ်ချက်မဆက်ဘူး ၊ဒီကဖွားအေကို ပစ်ထားကြတယ်၊ ကျုပ်မြေးလေး ရဝီလေးနဲ့များကွာပ ရဝီလေးဆို ဖွားဖွား ဖွားဖွားနဲ့ အမြဲကျုပ်ကို သတိရပေးတယ်တော့ ''

''ဟုတ်ပါပြီ ဖွားရယ် ၊ မောင်လဲ ဒီပြန်ရောက်ရောက်ချင်း အလုပ်တွေရှုပ်နေလို့ပါ''

''မောင်ငယ်တို့များ ပြောလိုက်ရင် အဲ့အတိုင်းဘဲ၊ အမြဲတမ်း ဆင်ခြေတွေက အပြည့်''

''ဖွားဖွားကလဲ''

''တိတ် ဖွားဖွားကလဲလုပ်မနေနဲ့ မောင်ငယ် ၊ ဖွားပြောထားတဲ့ ကိစ္စလဲ စဥ်းစားပေးပါအုံး''

''ဘာကိစ္စလဲ ဖွားဖွား''

''အိမ်ထောင်ပြုဖို့ ကိစ္စလေ ၊ မေ့နေပြီလား မောင်ငယ်''

''ဖွားကလဲ ၊ မောင် အဲ့တာတွေ စိတ်မဝင်စားသေးပါဘူး''

''စိတ်မဝင်စားလို့ မရဘူးလေ ၊ ဖွားလဲ မြေးချီချင်တာပေါ့ ရဝီလေးဆို ဘယ်လောက်ချစ်ဖို့ကောင်းလဲ ဖွားအေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးချင်ဘူးလား မြေးလေး''

''မောင် ဒီတစ်ပတ်ထဲမှာ ဖွားစီကို လာခဲ့ပါ့မယ် ၊ နောက်မှဘဲ ဒီကိစ္စကို ဖွားနဲ့တွေ့ပြီး ပြောကြမယ်လေ''

''အေးအေး အဲ့လိုလဲ ကောင်းတာဘဲ၊ လာရင်လဲ ဖွားတို့ကို ကြိုပြောနော်''

''ဟုတ်ကဲ့ဖွား''

''ဒါဆို နားတော့နော် မောင်ငယ် ၊ ဖွား ဖုန်းချလိုက်တော့မယ်''

''ဟုတ်ကဲ့ ဖွားဖွား''

ဖွားဖွား နဲ့ ဖုန်းပြောပြီးတာ နဲ့ မောင်လဲ သက်ပြင်းချလိုက်မိသည်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now