မောင်လဲ အိမ်ရောက်တာနဲ့ မနက်ဖြန်ဖွားဖွားတို့စီ သွားဖို့အတွက် အဝတ်အစားတွေထည့်ထားလိုက်သည်။ သွားမှာက တစ်ရက်ဘဲ ဆိုပေမဲ့ မောင်ထင်ထားသလိုဖြစ်မလာခဲ့ရင် မောင်က ယိမ်းလေးနဲ့သမီးလေးစီလိုက်သွားဖို့အတွက်ပါ။ယိမ်းကို မောင်မခွဲနိုင်ဘူး
ယိမ်း မရှိတဲ့ရက်တွေက မောင့်အတွက်တော့ ပြဿဒါးနေ့တွေလိုပါဘဲ ယိမ်းရယ်ထိုအချိန် ရုတ်တရက် မောင့်စီကို ဖုန်းဝင်လာခဲ့သည်။ မောင်လဲ ဖုန်း contact ကိုကြည့်လိုက်တော့ ခေါ်ဆိုသူမှာ မေမေဖြစ်နေသည်။
''ဟယ်လို မေမေ''
''မနက်ဖြန် လာမယ်ဆို မောင်ငယ် ၊ မေမေ့ကို ဖွားဖွားပြောပြလို့''
''ဟုတ် မေမေ''
''မနက် ဘယ်အချိန်လောက် ထွက်ခဲ့မလို့လဲ သမီး''
''မောင် မနက်စောစောဘဲ ထွက်ခဲ့မယ် မေမေ''
''အေးအေး ကောင်းတယ် သမီီး၊ ဒီမှာလဲ သမီး ဖေဖေပြန်ရောက်နေတယ်''
''ဟင် ဖေဖေပြန်ရောက်နေတယ်''
''ဟုတ်တယ် ဘာမှ စိတ်မပူနဲ့နော်သမီး ၊ သမီးဖေဖေကို မေမေပြောပြထားတယ် သမီးဖေဖေလဲ သမီးနဲ့ ယိမ်းလေးကို သဘောတူတယ်တဲ့ အဓိကက သမီးလေးပျော်ရွှင်ဖို့က အဓိက ပါဘဲတဲ့ ''
''ကျေးဇူးတင်ပါတယ် မေမေ''
''အို ဒီကလေးနှယ် ဘယ်နှယ့်ကြောင့် သားမိချင်းကို ကျေးဇူးတင်တဲ့စကားတွေ လာပြောနေတာတုန်း သူစိမ်းတွေကျနေတာဘဲ''
မေမေဟာ ဟိုးကတည်းကနေ အခုထိ မောင့်ဘက်ကို ရပ်တည်ပေးခဲ့တယ် ။ မောင်ဖြစ်ချင်တာတွေကိုလဲ ဘေးနားကနေ အမြဲအားပေးခဲ့တယ် စိတ်ဓါတ်ကျတဲ့အချိန်တွေ မောင်ပြိုလဲနေတဲ့အချိန်တွေတိုင်းမှာလဲ မောင့်ကို အကောင်းဆုံး ခွန်အားတွေပေးခဲ့သူဟာ မေမေပါဘဲ
''မောင် ၊ မေမေ့ကို ချစ်တယ်''
''ဒီကလေးနှယ် ချွဲနေပြန်ပါပြီ သမီးဖေဖေကိုတော့ စိတ်ချလိုက်နော် သမီးသာ သမီးဖွားဖွားကို ရအောင်ပြော ကြားလားသမီး ၊ သမီးဖွားဖွားလဲ ယိမ်းလေးနဲ့ရဝီလေးကို သံယောဇဥ်ရှိပါတယ်''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။