Part 51

2.2K 124 30
                                    


အိမ်ပေါ်ရောက်တာနဲ့ မောင်လဲ အထုပ်အပိုးတွေကို ချလိုက်ပြီး အဝတ်အစားတွေကို ဗီဒိုထဲ ထည့်နေလိုက်သည်။

သမီးလေးကတော့ ခင်ထွေးဆိုတဲ့ကလေးမလေးနဲ့ ဆော့မယ်ဆိုပြီး ဟိုဘက်ဝိုင်းကို ထွက်သွား​လေ သည်။

''မောင်''

''ဗျား''

''ဘယ်လို ဖြစ်ပြီးတော့ ရောက်လာတာ လဲ ၊ ယိမ်းကို ဖုန်းလဲ ကြိုမဆက်ဘူး''

''ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲဆိုတော့ လွမ်းလို့လေ ယိမ်းရဲ့၊ ဟော့ဒီက မောင့်အမျိုးသမီးလေး နဲ့သမီးလေးကို လွမ်းလို့ မောင် အိမ်ပေါ်ကနေတစ်ခါတည်းဆင်းလာတာ''

ကြည့်စမ်း အိမ်ပေါ်ကဆင်းလာတာကို အပြုံးမပျက် ဘဲ ပြောနေ  တဲ့ပုံစံက သူ့ကို သနားနေတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်းမသိဘူး
ဒါပေမဲ့ မောင်ပြဿနာတစ်ခုခုဖြစ်ခဲ့တာတော့ သေချာတယ်။

''ယိမ်းကြောင့်လားဟင် မောင် ''

မောင်လဲ ပစ္စည်းတွေ နေရာချပြီးတာနဲ့ ယိမ်းဘက်ကိုလှည့်ပြီး ယိမ်းရဲ့ပုခုံးနှစ်ဖက်ကို အသာလေးကိုင်လိုက်ပြီး

''မောင့် အမျိုးသမီးလေး သိချင်ရင် မောင်ပြောပြပါမယ် ၊ ခုံပေါ်မှာ အရင်ထိုင်လိုက်အုံးနော်''

''ဟုတ်''

မောင်လဲ ခုံတစ်ခုံယူပြီး ယိမ်းရဲ့အရှေ့မှာ ထိုင်လိုက်တယ် ။ ထို့နောက် ယိမ်းရဲ့လက်နှစ်ဖက်လေးကို ဆုပ်ကိုင်ထားလိုက်ပြီး

''မောင်တို့အကြောင်းကို ဖွားဖွားကို မောင်ဖွင့်ပြောလိုက်တယ် ဖွားဖွားက ယိမ်းနဲ့သမီးလေးကိုချစ်ပါတယ် မောင်က ချက်ချင်းကြီး ဖွင့်ပြောလိုက်တော့ ဖွားဖွားက ချက်ချင်းလက်မခံနိုင်တဲ့သဘောပါ ၊မောင့်အမျိုးသမီးလေးဘာမှ စိတ်မပူနဲ့နော် မောင်က ယိမ်းနဲ့သမီးလေးကိုဘဲ အမြဲတမ်းရွေးချယ်သွားမှာ နောက်ပြီး ဒါကလဲ ယိမ်းကြောင့်မဟုတ်ဘူးနော် ဖွားဖွားက လက်မခံနိုင်သေးရုံပါ မောင်ကလဲ မောင့်အမျိုးသမီးလေး နဲ့ သမီးလေးကို လွမ်းလို့ လိုက်လာခဲ့တာ''

''ဒါဆို ယိမ်းက မောင်နဲ့ခွဲစရာမလိုတော့ဘူးပေါ့နော် ''

''ဒါပေါ့ မောင့်ယိမ်းလေးရဲ့''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now