ဒီလိုနဲ့ညနေအကြွေးတောင်းဖို့ မဝါလင်းကို အဖော်ခေါ်ရတော့မည်။မသွားခင် မေမေရှိတဲ့ မီးဖိုချောင်ထဲကို မောင်ဝင်သွားလိုက်သည်။''မေမေ ''
''ဟေ''
''ဘာတွေလုပ်နေတာလဲ''
''ဒီမှာလေ ရဝီလေးစားဖို့ ပုဇွန်အချိုကြော်လေးချက်နေတာ''
''မေမေတို့ကတော့နော် ရဝီလေး ရဝီလေး နဲ့ မောင့်ကိုကျတော့ ဂရုမစိုက်ကြဘူး ပစ်ထားကြတယ်''
နှုတ်ခမ်းလေးဆူပြီး မေမေ့ကိုပြောလိုက်တော့ မေမေက ရယ်ရင်းနဲ့ မောင့်ကိုပြန်ပြောသည်။
''အပိုလုပ်နေပြန်ပါပြီ ဒီကလေးကြီးကတော့ နောက်ပြီးမှ ရဝီလေး ရဝီလေးနဲ့ သည်းသည်းလှုပ်နေတာဘယ်သူလဲမသိဘူး ၊ မောင်ငယ်ကိုက ယိမ်းလေးက ဂရုစိုက်မှာပေါ့ မဟုတ်ဘူးလား''
''ဟဲဟဲ ဟုတ်သားဘဲ😁 ၊ဒါနဲ့လေ မေမေ့ကို မောင်ငယ်ပြောစရာရှိလို့''
''ဘာပြောမလို့လဲ ''
''ဟို လေ ၊ မဝါလင်းက ထန်းရည်သောက်ချင်တယ်ပြောလို့ အဲ့တာ အကြွေးသွားတောင်းရင်းနဲ့ ကိုကြီးထွန်းတို့တဲမှာ ဝင်သောက်မလို့ အဲ့တာ ယိမ်းနဲ့ဟန်နီ့ကို မပြောနဲ့နော် မေမေ''
''အများကြီးမသောက်နဲ့နော် မောင်ငယ် ၊ စောစောလဲ ပြန်လာအုံး ပြန်လာမနိုင်ရင်လဲ သားထွန်းကို လိုက်ပို့ခိုင်းနော် ကြားလား''
''ဟုတ်ကဲ့''
မေမေနဲ့စကားပြောပြီးတာနဲ့ မောင်လဲမဝါလင်းကိုခေါ်ပြီးထွက်လာခဲ့လိုက်သည်။
.....''အန်တီ ဘာတွေချက်နေတာလဲ ၊ ယိမ်းတို့ ဝိုင်းလုပ်ပေးပါရစေ''
''ရပါတယ် သမီးရယ် ရွာကိုရောက်တုန်းရောက်ခိုက် အေးအေးနေကြပါ''
''မဟုတ်တာအန်တီရယ် ၊ ယိမ်းတို့ ကူညီပေးပါရစေ''
''အန်တီတွေ ဘာတွေ လုပ်မနေပါနဲ့ သမီးတို့ရယ် မေမေလို့ဘဲ ခေါ်ပါ''
''ရှင်''
ဟိုတစ်နေ့က ကိစ္စကို မေမေတွေ့သွားလို့ဖြစ်မယ် ရှက်လိုက်တာ အိမ့်ခြူးမောင်တို့တော့ လုပ်ချလိုက်ပြန်ပြီ
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။