''ဟိန်းသန့်''''ဪ ညို ဘယ်လာတာလဲ''
''ငါ နင့်စီကိုဘဲ လာတာ''
ညို စိတ်ထဲမှာမတင်မကျဖြစ်နေတယ် ဒါကတော့ ဓါတ်ပုံကိစ္စပါဘဲ ။ ယိမ်းနဲ့ ချာတိတ်တို့တွဲရိုက်ထားတာပုံတွေကို ဘယ်သူက အန်တီ့စီကို ပို့ပေးလိုက်တာလဲဆိုတာ။ ဒါကြောင့် သူရှိတဲ့ ကော်ဖီဆိုင်ကို သွားခဲ့တယ်။
''အေး ဘာပြောမလို့လဲ ညို''
''နင်မလား''
''ဘာကိုလဲ''
''အန်တီစီကို ဓါတ်ပုံပို့ပေးတဲ့သူက''
''ဘာတွေပြောနေတာလဲညို ဘာဓါတ်ပုံလဲ ၊ငါက စက်ာပူကို သွားနေတာလေ၊ အဲ့တော့ နင်ပြောတာတွေ ငါနားမလည်ဘူး၊ သိလဲမသိဘူး''
''ငါအဲ့လောက် လူအကဲခတ်မညံ့သေးဘူး ဟိန်းသန့်၊ နင်မလုပ်ဘူးဆိုရင် ငါမျက်နှာကိုသေချာကြည့်ပြီးပြောလေ''
''ဘာတွေလာမေးနေတာလဲဟာ ၊ ငါမသိဘူးလို့ပြောနေတယ်လေ''
''နင့်ကို ယိမ်းမှ မချစ်တာ''
''ဒါပေမဲ့ ငါ ချစ်တယ်လေ ၊ ယိမ်း ငါ့ကို ပြန်ချစ်သည်ဖြစ်စေ ပြန်မချစ်သည်ဖြစ်စေ ငါကတော့ ယိမ်းကိုရအောင်ယူမှာ''
''ယိမ်းက နင်နဲ့ဆို ပျော်မှာမဟုတ်ဘူးနော် အဲ့တာကိုရော နင်သိလား ဟိန်းသန့်''
''အဲ့တာတွေ ငါမသိဘူး၊ ငါသိတာတစ်ခုက ယိမ်းကို ငါကလွဲပြီး ဘယ်သူမှမပိုင်စေရဘူး၊ ''
''နင်က အတ္တကြီးနေတာ ဟိန်းသန့် ၊ တစ်ကိုယ်ကောင်းဆန်နေတာ နင်နဲ့ အန်တီနဲ့က တစ်ပုံဆန်တည်းဘဲ ယိမ်းဘက်ကို တစ်ချက်လေးတောင်လှည့်မကြည့်ကြဘူး''
''နင်ဘာဖြစ်နေတာလဲ ညို ၊ နင်ဘဲအရင်က ယိမ်းနဲ့ အဲ့ကောင်မလေးကို ခွဲချင်နေတာမဟုတ်ဘူးလား''
''အေးဟုတ်တယ် အရင်က ငါ ယိမ်းနဲ့ ချာတိတ်ကို ခွဲချင်နေတာ ဒါပေမဲ့အခုမဟုတ်တော့ဘူး ငါချစ်တဲ့သူရော ငါ့ညီမလေးရော နာကျင်ရမဲ့လမ်းကို ငါမရွေးနိုင်ဘူး ငါ့ကြောင့်နဲ့ လူနှစ်ယောက်ကို ခံစားရမှာကို ငါမကြည့်နိုင်ဘူး''
''အဲ့တာတော့ နင့်အပိုင်းဘဲလေ ညို ၊ငါကတော့ နောက်ဆုတ်ပေးမှာမဟုတ်ဘူး ယိမ်းကိုမရရအောင်ယူမှာ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။