Part 27

1.7K 85 6
                                    


''ဘာလုပ်နေလဲ ချာတိတ်''

ဒီနေ့ကျောင်းပိတ်ရက်ရက်မို့ ပန်းပင်တွေရေလောင်းနေတုန်း တစ်စုံတစ်ယောက်ရဲ့ခေါ်သံကြားလို့ နောက်လှည့်ကြည့်လိုက်တော့

''မမဟန်နီ ၊ အိမ့်စီလာလည်တာလား''

အကျီ်လက်တိုအပွကို ဘောင်းတို အမဲရောင်လေးနဲ့ တွဲဝတ်ထားတဲ့ ချာတိတ် က တကယ့်ချစ်စရာလေး အသားဖြူတော့ ခြေထောက်လေးမှာ ဗွတ်တွေစင်နေတာလေးတွေကအစ မြင်နေရတယ် လက်တစ်ဖက်က ရေကရားကိုကိုင်ထားပြီး ညို့ကိုပြုံးပြနေတဲ့ ချာတိတ်က တကယ့်ချစ်စရာလေး ဒီအပြုံးလေးတွေကိုဘဲ ညိုစပြီးစွဲလမ်းမိသွားတာ

''အွန်း ၊ ဒါနဲ့ ချာတိတ် အားရဲ့လား''

''အားပါတယ် မမဟန်နီ ၊ ဒီမှာခနထိုင်အုံးနော် အိမ့် ခြေလက်ခနဆေးလိုက်အုံးမယ်''

''အင်း''

ချာတိတ်က ပန်းပင်စိုက်ရတာဝါသနာပါတယ် ထင်တယ် ချာတိတ်ရဲ့ခြံထဲမှာ ပန်းပင်တွေကအများကြီးဘဲ ညိုအကြိုက်ဆုံးက ဒီပိတောက်ပင်အောက်က ကွပ်ပျစ်လေးမှာထိုင်ပြီး ပန်းပင်တွေကိုကြည့်ရတာ သဘောအကျဆုံးဘဲ ညနေပိုင်း လေအေးအေးလေးတွေတိုက်ခတ်မှုကြောင့် လူက လန်းဆန်းသွားသလို ခံစားရတယ်

''မမဟန်နီ ၊လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းလေး သုံးဆောင်ပါအုံး''

''ဒါတွေမလိုပါဘူး ချာတိတ်ရဲ့''

''အိမ့်ကိုယ်တိုင်သုတ်ထား ၊စားကြည့် မမဟန်နီ''

ညိုက လက်ဖက်သုပ်မကြိုက်ပေမဲ့ ချာတိတ်ကိုယ်တိုင်သုတ်ထားတာဆိုတော့ တစ်ဇွန်းစားကြည့်လိုက်တယ်

''ကောင်းလားဟင် မမဟန်နီ''

ညို့ကို ကြည့်ပြီး မေးနေတဲ့ ချာတိတ်ကို ညိုစချင်တာနဲ့ မျက်မှောင်ကျုတ်ပြီး စဥ်းစားနေတဲ့ပုံစံလုပ်လိုက်တော့

''မကောင်းလို့လား မမဟန်နီ ၊ ဘာလိုသေးလဲဟင် ''

''မဟုတ်ပါဘူး တို့စဥ်းစားနေတာက မင်းဘယ်လို လက်ဖက်သုပ်ကို ဒီလောက်စားကောင်းအောင် သုပ်နိုင်ရတာလဲလို့ပါ''

''အိမ့်ခြူးမောင်ပါ မမဟန်နီရဲ့ ဒီလောက်ကတော့အေးဆေးပါ လက်ဖက်သုပ်တစ်ခုတည်းမဟုတ်ဘူးနော် ကိတ်မုန့်တွေလဲ လုပ်တတ်သေးတယ် နောက်တစ်ခါကျရင် မမဟန်နီ အတွက်တစ်ခုလုပ်ပေးမယ်နော်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now