Part 26

1.8K 88 10
                                    


''တူ...တူ....တူ....''

''ဟယ်လို ''

''ဟယ်လို အန်တီ၊ သားဟိန်းသန့်ပါ''

''အော် အေးအေး ၊သားလေး ဘာဖြစ်လို့လဲ''

''သားအလုပ်ကိစ္စတစ်ခုနဲ့ စင်ကာပူခနသွားရမယ်အန်တီ ၊ အဲ့တာ သားပြန်လာရင် ယိမ်းနဲ့လက်ထပ်ချင်လို့ပါ အဲ့တာ မေ​မေ ကိုအရင်ဆုံးခွင့်တောင်းတာပါ ၊ ယိမ်းကိုလဲ ပြောပေးပါအုံးမေမေ''

''အေးအေးသား စိတ်ချနော် ယိမ်းကို မာမီဘဲပြောလိုက်မယ် ၊ မာမီလဲ သားတို့ကို အမြန်ဆုံးလက်ထပ်စေချင်နေပြီ ဒါမှ မာမီလဲ မြန်မြန်မြေးချီရမှာလေ''

''ဟုတ်ကဲ့ပါ မေမေ ဒါဆို သားဖုန်းချလိုက်တော့မယ်နော်''

''အေးအေး၊ သား''

''မိအုံး နင့်မလေးလေးကို ဧည့်ခန်းထဲ ခနလာခဲ့ဖို့ သွားခေါ်စမ်း''

''ဟုတ်ကဲ့ ရှင့်''

''မမလေး''

''ယိမ်းကြားပါတယ် လိုက်ခဲ့မယ်နော်''

ယိမ်းလဲ မာမီအရှေ့က မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ်
''ယိမ်းကို ဘာပြောစရာရှိလို့လဲ မာမီ''

''သားဟန်သန့်က အလုပ်ကိစ္စတစ်ခုရှိလို့ စင်ကာပူခနသွားတယ် ဟိုမှာအလုပ်တွေပြီးလို့ပြန်လာရင် ယိမ်းနဲ့လက်ထပ်ချင်တဲ့အကြောင်း မာမီကို ဖုန်းဆက်ပြီးပြော ''

မာမီစကားမဆုံးခင် ယိမ်းဖြတ်ပြောလိုက်တယ်

''အဲ့တာ မာမီတို့ဘဲ စီစဥ်နေကြတာလေ ဒါတွေ ယိမ်းကိုလာပြောတော့ရော ယိမ်းကသဘောမတူဘူးဆိုရင် မာမီတို့က လက်ထပ်ပွဲကိုဖြတ်ပေးမှာမို့လို့လား၊ စေ့စပ်ဖို့အကြောင်းတုန်းကလဲ ယိမ်းကို ကိုယ်တိုင်တောင်မပြောတဲ့ ယောကျာ်း၊ အခု ပြန်လာရင်လက်ထပ်ချင်တယ်ဆိုတာကရော ယိမ်းနဲ့တစ်ခေါက်တောင် တိုင်ပင်ဖူးလို့လား အဲ့လိုယောကျာ်းမျိုးရဲ့လက်ထဲကို မာမီ့သမီးတစ်ယောက်လုံးကို ထည့်ပေးချင်နေတဲ့ မာမီ့ကို ယိမ်း သိပ်အံ့သြတယ်''

ပါး​ မှာစီးကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဆွဲသုတ်ပြီး မာမီ့အရှေ့ကနေ ယိမ်းထွက်ခဲ့လိုက်တယ် နောက်ပြီး မောင့်စီကို ဖုန်းဆက်လိုက်တယ် ယိမ်းကို ပျော်ရွှင်စေတဲ့တစ်ယောက်တည်းသောသူက မောင်ဖြစ်နေလို့လေ

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now