Part 18

1.8K 86 6
                                    


''သမီး ၊ မအိပ်သေးဘူးလား''

''ဟုတ်ကဲ့ မေမေ''

''အရမ်းညဥ့်မနက်စေနဲ့နော် သမီး''

''ဟုတ်ကဲ့''

''ဒါဆို မေမေသွားတော့မယ် ၊ အိပ်ခါနီးကျရင် ဘုရားရှီခိုးအိပ်အုံးနော်''

''ဟုတ် မေမေ''

''အင်းအင်း''

မေမေသွားပြီး ခနအကြာတော့ ယိမ်းစီက ဖုန်းဝင်လာတယ်

''မအိပ်သေးဘူးလား ၊ ကလေးမ''

''အိပ်မပျော်သေးလို့ပါ တီချယ် ယိမ်း''

''ယိမ်းကို စိတ်ကောက်နေတာလား''

''မဟုတ်ပါဘူး ဒါနဲ့ ယိမ်းနေကောင်းသွားပြီလား ဆေးရောသောက်ထားလား''

''အင်း''

မောင်မမေးတော့ပါဘူး။ မောင် ယိမ်းကိုယုံတယ် အဆုံးမှာတော့ မောင့်ကိုဘဲရွေးချယ်ပေးပါ ယိမ်းရယ်

''မနက်ဖြန် ကျောင်းလာနိုင်ရဲ့လား ယိမ်း''

''မနက်ဖြန်ကျောင်းလာမှာပါ ဒီနေ့က နေမကောင်းလို့ခွင့်ယူတာမဟုတ်ဘူး တို့ကိစ္စလေးတစ်ခုရှိလို့ပါ''

''ယိမ်း''

''ရှင်''

''ဒီနေ့ ဘာနေ့လဲ သိလား''

''ဒီနေ့ Mondayလေ''

''Monday မှာ အမှတ်တရလေးဖြစ်သွားအောင် မောင့်ကို အဖြေပေးပါလားဟင်''

''ဘာမှလဲမဆိုင်ဘူး''

''နော် နော်''

''ကျမ ၊ ရှင့်ကို ဘာပြောထားလဲ''

''ယိမ်းကလဲ''

အဖြေကိုအတင်းတောင်းနေတဲ့ကလေးမကို ယိမ်းလေသံနည်းနည်းမာမာနဲ့ပြောလိုက်တယ်

''ယိမ်းကဘာဖြစ်လဲ ပြော''

''ယိမ်းက ချစ်ဖို့ကောင်းတယ်လို့😁''

''ရှင်နော် ၊ ရရင်ရသလို အဖြေကိုတောင်းတယ်''

''မောင်က ချစ်တာကို ယိမ်းရဲ့''

''အခုစာလုပ်လို့ပြီးပြီလား''

''ဟုတ်''

''မကြာခင် ကျောင်းကထိန်ရောက်တော့မယ် ၊ ကျောင်းကထိန် မှာ ဆွမ်းကပ်ပြီးရင် တို့မင်းကိုအဖြေပေးမယ် ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now