Extra

2.2K 123 30
                                    

"အိမ့်ခြူးမောင်နဲ့ ယိမ်းရဝီမောင် အခုချက်ချင်း ကျမ အရှေ့မှာ နှစ်ယောက်လုံး ဒူးလာထောက်ကြစမ်း!!"

အရှေ့ကနေ တုတ်တစ်ချောင်း ကိုကိုင်ကာ ခါးထောက်ပြီးရပ်နေတဲ့ ဒေါ်ယိမ်းနွဲ့ဟန်ကို ကြည့်ပြီး မီးဖိုချောင်ရဲ့ တံခါးအကွယ်လေးကနေသားဖနှစ်ယောက်ကရပ်ကာ ယိမ်းကို ကြည့်ပြီး

''ဂိုဂို မောင်ကြောက်တယ်''

''ဂိုဂိုလဲ ကြောက်တယ်''

ရဝီလေးက အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို မောင်လို့သုံးနှုန်းလာသည်။ မောင့်ကိုတော့ ရွာကလူတွေက မောင်မောင်လို့ခေါ်ရင်းနဲ့ မောင်ကနေ မောင်မောင်ဖြစ်သွားပြီး သမီးလေးက မောင်ဖြစ်သွားခြင်းဖြစ်သည်။

''မေမေက ကြောက်စရာရီး နော် တကယ်ဒေါသထွက်နေပုံဘဲ''

''အဲ့တာကြောင့် ဂိုဂိုပြောပါတယ် မစားပါနဲ့လို့''

''ဂိုဂိုရောပါတယ်လေ ဂိုဂိုဘဲပြောတော့ ခိုးစားတဲ့အသီးက ဝယ်စားတဲ့အသီးထက်ပိုချိုတယ်ဆို''

''နောက်မချိုလို့လား ရဝီရဲ့''

''ဟီးဟီ ချိုတော့ချိုပါတယ် ဂိုဂို ရဲ့ မေမေက ဘယ်လိုသိသွားတာလဲ မသိဘူး''

''အဲ့တာ ဟိုမဂွတ်ထော်က လာပြောသွားတာလေ အခုတော့ အထောင်းခံရတော့မယ်ထင်ပါတယ်''

''နောက်မှ အဲ့မဂွတ်ထော်အိမ်က သူကြွားလုံးထုတ်နေတဲ့သူ့ ဘူးသီးကို မောင် သွားခိုးပြမယ်ကြည့် ''

''ဟိုသားဖနှစ်ယောက် ဘာလုပ်နေကြတာလဲ အခုချက်ချင်းမလာကြသေးဘူးလား!!! မောင်!!!"

''လာပြီ ယိမ်းရေ လာပြီ''

မယားက မောင်လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ ချက်ချင်းကိုပြေးထွက်သွားတဲ့ အိမ့်ခြူးမောင်ကိုကြည့်ပြီး
''ဂိုဂိုက တကယ့်မယားကြောက်ဘဲ မေမေ က မောင်လို့တစ်ခွန်းတည်းခေါ်လိုက်တာနဲ့ ပြေးသွားတာတန်းနေရောဘဲ မောင့်ကိုတောင်မစောင့်ဘူး ''

''ဟိုကလေး ဘာလုပ်နေလဲ မလာသေးဘူးလား!!!''

''လာပြီ​ မေမေရေ လာပြီ''

ယိမ်းရဲ့ အော်သံကြောင့် ယိမ်းရဝီမောင်လဲ ဆက်မနေရဲတော့ဘဲ ယိမ်းစီကို သွားလိုက်ရသည်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now