Part 7

2.9K 147 6
                                    

''အဲ့တာတော့ မသိဘူး တီချယ်''

''အင်း''

ကလေးမလေးပြောသလိုမျိုး ယိမ်းလဲ ထပ်တူခံစားနေရတယ်။ ဒါတွေဟာ မကျော်သင့်တဲ့စည်းတွေမှန်း ယိမ်းနားလည်ပါတယ် ယိမ်း နှလုံးသားကရော ဒါတွေကို နားလည်ပါ့မလား

'' ဟိုနားက တိုက်ပြာလေးဘဲ အိမ့်''

''ဟုတ်ကဲ့ တီချယ်''

''တီချယ်နဲ့ အိမ်ထဲခနလိုက်ခဲ့နော်''

''ဟုတ်ကဲ့''

တီချယ့် အိမ်က အကြီးကြီးဘဲ အပြာရောင် နှစ်ထပ်တိုက်လေးက ချစ်စရာလေး

''ပြန်ရောက်ပြီလား ယိမ်း''

''ဟုတ်ကဲ့ မာမီ ၊ ယိမ်းလမ်းမှာ ကားပျက်နေလို့ ယိမ်းတပည့်မလေးတစ်ယောက်က အိမ်ပြန်လိုက်ပို့တာပါ''

ယိမ်း မာမီရဲ့ အကြည့်တွေကိုသိပါတယ် ကလေးမလေးကို မေးရင် ဖြေရခက်နေမှာစိုးလို့ ယိမ်း မာမီကို တစ်ခါတည်းရှင်းပြလိုက်တာပါ

''မဂ်လာပါ အန်တီ''

''အင်း''

တီချယ် ယိမ်းက အမေနဲ့တူတာဖြစ်မယ် ကျက်သရေရှိတာရော ၊ လှပတာရော ၊ နုပျိုတာရော မတူတာ တစ်ခုကတော့ တီချယ် ယိမ်းက ချစ်ဖို့ကောင်းပြီး အန်တီက နည်းနည်းရှိန်ဖို့ကောင်းသည်။

''အိမ့် ဝင်လာခဲ့လေ''

''ဟို... ဟိုလေ အိမ့် မဝင်တော့ပါဘူး တီချယ်ယိမ်း ''

''ဘာဖြစ်လို့လဲ''

''အိမ့်တစ်ကိုယ်လုံး မိုးရေတွေ စိုနေတော့ အားနာလို့ပါ ၊ အိမ့် သွားတော့မယ်နော် တီချယ်ယိမ်း''

အန်တီ အိမ့်ကို ကြည့်တဲ့အကြည့်ကို တွေ့ကတည်းက အိမ့်နားလည်ပါတယ် ဒါကြောင့် ​မြန်မြန် အိမ့် ခြံထဲက ထွက်လာခဲ့လိုက်သည်။

''နေအုံးလေ.... အိမ့်''

ဒီကလေးမလေးကတော့လေ မိုးကာလဲ မယူသွားဘူး ၊ ဖျားတော့မှာဘဲ

''ယိမ်း ''

''ရှင်.....မာမီ''

''အဝတ်စားလဲ ပြီးရင် ခနဆင်းလာခဲ့ မာမီပြောစရာရှိတယ်''

''ဟုတ်ကဲ့ မာမီ''

ကျော်ဖြတ်လို့မရတဲ့ အရာတွေထဲမှာ ယိမ်း မာမီလဲ ပါနေတယ်ဆိုတာ ဦးနှောက်နဲ့ ဘယ်လိုဘဲ သတိပေးနေပါစေ နှလုံးသားက လက်ခံပါ့မလား

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now