မောင့် နှာခေါင်းထဲမှာ ဆေးအနံ့တွေရနေတယ်။
မေမေ့ရဲ့ ငိုသံကိုလဲ ကြားနေရတယ် နောက်ပြီး လူတွေစကားပြောတဲ့အသံတွေရော မောင်ကြားနေရတယ်
မောင်မျက်လုံးဖွင့်လိုက်တဲ့အချိန် မောင့်လက်တွေမှာလဲ ဆေးပိုက်တွေ ချိတ်ထားတာကို တွေ့လိုက်ရတယ်''သတိရလာပြီလား သမီး''
မေမေဟာ မျက်ရည်တွေကို အိမ့်မမြင်အောင် မြန်မြန်သုတ်လိုက်ပြီး အိမ့်ကိုမေးနေတယ် အိမ့်လှည့်ကြည့်လိုက်တော့ အိမ့် ဆေးရုံရောက်နေမှန်းသိလိုက်ရတယ်။ အိမ့်ဘေးမှာလဲ မေမေရယ် မဝါလင်းရယ် တီချယ်စိမ့်ရယ် နောက်ပြီးတော့ မမဟန်နီ ရယ်ရှိနေခဲ့တယ် မောင်ရဲ့ ယိမ်းကတော့ ရှိမနေခဲ့ဘူး။
''ဟုတ်မေမေ''
''ခနလေးနော် ဒါဆို မေမေ doctor ကို သွားပြောလိုက်အုံးမယ်နော်''
အိမ့်ခန္ဓာကိုယ်က အားမရှိလို့ ခံစားနေရတယ် မေမေမေးတာကိုတောင် အိမ့် ခေါင်းအသာလေးညိတ်ပြီး ပြန်ဖြေလိုက်တယ်
''သက်သာရဲ့လား ချာတိတ် ၊ ဘယ်လိုနေသေးလဲ ဟင်''
''သက်သာပါတယ် မမဟန်နီ''
သန္တာစီက သတင်းကြားကြားချင်း ညို ဆေးရုံကို ချက်ချင်းလိုက်လာခဲ့တယ် ၊ မြင်လိုက်ရတဲ့ မြင်ကွင်းက ညို့ကို ရင်ကွဲစေတယ် အကြောင်းစုံကိုတော့ ချာတိတ် ရဲ့သူငယ်ချင်းကပြောပြလို့ အကုန်လုံးကိုသိခဲ့ပြီးပါပြီ ။
''ဘာစားချင်လဲ အိမ့်လေး''
''တီချယ် စိမ်း က ဘယ်လိုရောက်လာတာလဲ ဟင်''
''နင်လဲ ကျသွားတုန်းက တီချယ် စိမ်းက အဲ့မှာရှိနေတာလေ ၊ ဆေးရုံကို တီချယ် စိမ်းဘဲ ခေါ်ခဲ့ပေးတာ''
''ကျေးဇူးတင်ပါတယ် တီချယ် စိမ်း''
''မလိုပါဘူး ငယ်ရယ် ''
''ရှင်''
''တီချယ် မင်းကို အရင်က ခေါ်နေကျနာမည်လေ မေ့နေပြီလား အိမ့်လေး''
''ဟုတ်သားဘဲ ၊ မောင် မေ့သွားတော့မလို့''
တစ်အောင့််နေတော့ မေမေက doctor နဲ့အတူတူ အခန်းထဲဝင်လာခဲ့တယ် doctor ကမေးစရာရှိတာတွေမေးပြီး ပြန်ထွက်သွားတယ်၊
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။