Part 15

2K 95 6
                                    

''စိမ်း ပြန်ကြတော့မလား''

''အင်း ဒီစာရွက်တွေ တီချယ်ကြီးစီ သွားပို့ပြီးရင် ပြန်တော့မှာ''

''ဒါဆို တို့ပြန်တော့မယ်နော် ''

''ဟုတ်''
.....

''မောင်မပြောရဲတာကလေ''

''အင်း ဘာလဲ''

ဒီစကားကို ယိမ်းရဲ့ မျက်ဝန်းတွေတည့်တည့်ကြည့်ပြီး

''ယိမ်းကိုဝမ်းနည်းစေမဲ့ စကားတွေမောင်မပြောရဲဘူး''

ခေါင်းလေးငုတ်သွားပြီး ယိမ်းပြန်ပြောလိုက်တဲ့စကားလေးက

''စကားတတ်တိုင်း လျှောက်မပြောနေနဲ့ မအိမ့်ခြူးမောင်''

''တကယ်ပြောတာပါ ယိမ်းရဲ့''

''ထားပါ အခုတော့ မုန့်ကို ကုန်အောင်စားနော်''

''ဟုတ် ၊ ဟိုမှာ ယိမ်းကိုလာကြိုပြီထင်တယ်''

''ဟင် ကိုဟိန်းသန့်''

''ယိမ်းက ဒီရောက်နေတာလား ကိုက ကျောင်းရှေ့မှာ စောင့်နေတာ''

''ဟုတ် ဟုတ်၊ အိမ့်လေး တီချယ် သွားတော့မယ်နော်''

''ဟုတ်ကဲ့ တီချယ် ယိမ်း''

ယိမ်းက အဲ့လူကြီးကိုတွေ့တာ ဘာလို့ လန့်သွားရတာလဲ ။ နောက်မှ ဖုန်းဆက်ပြီး ယိမ်းကို မေးကြည့်ရမယ်

.....

''အခုမှပြန်တာလား အိမ့်ခြူး''

''ဟုတ်ကဲ့ တီချယ် စိမ်း''

''နောက်ကျတယ်နော် ''

''ဟုတ် ၊ အသင်းသမားတွေက သန့်ရှင်းရေး လုပ်ပြီးမှ ပြန်ရမယ်ဆိုလို့ သန့်ရှင်းရေး လုပ်ရင်းနဲ့ ကြာသွားတာပါ တီချယ် စိမ်း''

''ဟုတ်ပါပြီ ၊ ကျောင်းပိတ်ရက် ဘယ်သွားစရာရှိသေးလဲ''

''အိမ့် ပန်းဆိုင်သွားဖို့တော့ ရှိတယ် တီချယ် စိမ်း ''

''ဟုတ်လား အတော်ဘဲ တီချယ်လဲ နှင်းဆီပင်လေးစိုက်ချင်လို့ တီချယ်နဲ့ အတူတူ သွားမလား အိမ့်''

''ဟုတ် ရပါတယ် တီချယ် စိမ်း''

''ဒါဆို သွားတဲ့နေ့ကျရင် တီချယ် ဖုန်းဆက်လိုက်မယ်လေ ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now