Part 46

2.2K 112 20
                                    


ညက မောင့်အမျိုးသမီးလေး နဲ့ စကားပြောပြီး ညဥ့်နက်မှ အိပ်ဖြစ်တယ် ။ အခုလဲ ပြဿနာဖြေရှင်းဖို့ ရဲစခန်းကို သွားဖို့ ပြင်ဆင်ရအုံးမယ် အချိန်ကိုကြည့်လိုက်တော့ ၆ နာရီ ကျော် နေပြီ မောင်လဲ ရေမိုးချိုး အဝတ်စားလဲ ပြီး ထွက်လာခဲ့လိုက်တယ်။

ဆိုင်ရှေ့ရောက်တော့ အားလုံးဟာပုံမှန်အတိုင်း အလုပ်လုပ်နေကြသည်။  မောင်လဲ ကားကို ပါကင် ထိုးပြီး ဆိုင်ထဲကို ဝင်လာခဲ့လိုက်တယ်။

''ရောက်ပြီလား သူဌေး ၊ သွားတော့မလို့လား''

''အင်း ၊ ဖုန်းရောကြိုဆက်ထားလား ကိုမျိုးအောင်''

''ဟုတ်ကဲ့ ဆက်ပါပြီးပါပြီ သူဌေး''

''ဆုံးရှုံးသွားတဲ့ ပစ္စည်းစာရင်းတွေကို သေချာမှတ်ထားပြီး ယူခဲ့ပေးပါ ''

''ဟုတ်''

''ယူပြီးရင် ကားစီကိုဘဲ လာခဲ့လိုက်နော် ၊ မောင် ကားထဲကဘဲ စောင့်နေတော့မယ်''

''ဟုတ်ကဲ့''

တစ်အောင့်နေတော့ ကိုမျိုးအောင် က ပစ္စည်းစာရင်းစာအုပ်ကို ကိုင်ပြီး မောင့်နားကိုရောက်လာခဲ့သည်။

''ရောက်ပြီလား ဒါဆို မောင်တို့သွားကြတာပေါ့''

''ဟုတ်ကဲ့''

ဒီလိုနဲ့ ရဲစခန်းကို သွားဖို့ မောင်နဲ့ ကိုမျိုးအောင်နဲ့ ထွက်လာခဲ့တော့သည်။

15 မိနစ်လောက်မောင်းပြီးနောက်မှာ ရဲစခန်းကို ရောက်လာခဲ့ကြသည်။စခန်းရောက်တာနဲ့ မောင်တို့လဲ ကားကို ပါကင်ထိုးပြီး စခန်းထဲကို ဝင်လာခဲ့လိုက်ကြသည်။မောင် အထဲကိုရောက်တာနဲ့ နယ်ထိန်းက မောင့်ကို စီးကြိုပြီး နှုတ်ဆက်လာခဲ့သည်။

''မဂ်လာပါ ညီမ ၊ ရောက်လာကြပြီလား''

''ဟုတ်''

မောင်လဲ ဖြေပြီးတာနဲ့ မောင်တို့ နှစ်ယောက်အတွက် ချထားပေးတဲ့ ခုံပေါ်မှာ ဝင်ထိုင်လိုက်ကြတယ်

''ညက ကိစ္စကို အစ်ကို သိပြီးလောက်ပြီလို့ ထင်ပါတယ်''

''အင်း အစ်ကိုကြားပြီးပါပြီ အဲ့အတွက်လဲ အစ်ကို့တပည့်တွေအစား ညီမတို့ကို အစ်ကိုတောင်းပန်ပါတယ်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now