Part 36

2.3K 112 18
                                    


ဟန်နီ့ကိုမခေါ်ချင်တာနဲ့ ဟန်နီမတွေ့ခင် ယိမ်းနဲ့ရဝီလေးကို ကျောင်းသွားကြိုဖို့ အပြင်ကိုအမြန်ထွက်ဖို့အလုပ်

''ဘယ်သွားမလို့လဲ boss ''

''ဟို ဟို၊ ဪ အရေးတကြီးသွားစရာ ၊ပေါ်လာလို့ ''

''ဟုတ်လို့လား boss ရဲ့ ၊ဒီနေ့ အရေးကြီးတဲ့ဧည့်သည်နဲ့ ချိန်းထားတာလဲ မရှိပါဘူး ''

''အမ် ဟုတ်တယ် ၊ ဟို အလုပ်ကိစ္စမဟုတ်ဘူး ၊ ပုဂ္ဂိုလ်ရေးအရသွားစရာရှိလို့''

''ဒါဆို ဟန်နီ ကားသွားထုတ်လိုက်အုံးမယ်''

ရုတ်တရက် မောင်က ဟန်နီကို တားလိုက်သည်။

''ဟန်နီ လိုက်လို့မရဘူး''

''ဘယ်သွားမှာမို့လို့လဲ boss ၊ခါတိုင်း ဘယ်ဘဲသွားသွား ဟန်နီ လိုက်လို့ရပါတယ် အခုက ဘယ်သွားမှာမလို့ ဟန်နီက လိုက်လို့မရတာလဲ''

မယုံသက်ာပုံစံနဲ့ ဟန်နီကမေးလာတော့ မောင်လဲ ဖြေရခက်နေတော့သည်။ ဒီလိုနဲ့ ဟန်နီကို စကားလမ်းကြောင်းလွှဲရတော့သည်။

''ဟန်နီလဲ ဒီနေ့ နားရင်နားလိုက်လေ ၊မောင်လစာမနုတ်ပါဘူး ၊ မဝါလင်းနဲ့ သွားတွေ့ချင်ရင် သွားတွေ့လေ မောင်လဲ အရေးကြီးနေလို့ သွားပြီ''

ဟန်နီကို ပြောပြီးတာနဲ့ မြန်မြန်ပြေးထွက်ခဲ့သည် ။

''ဟုတ်သားဘဲ ကိုနဲ့ လျှောက်လည်ရမယ် ၊ ကြာပါတယ် အခုဘဲ ကို့စီ ဖုန်းဆက်လိုက်တော့မယ်''

''တူ..တူ...တူ.''

''ဟယ်လို ကို့ဟန်နီလေး''

''ကို အခုအားလားဟင် ၊ ဟန်နီ shopping ထွက်ချင်လို့ ကိုလိုက်ပို့ပါလား''

''ok ပါဗျာ ကိုအခုထွက်ခဲ့မယ်နော် ၊ ဟန်နီက အခုဘယ်မှာလဲ''

''ဟန်နီက ကုမ္မဏီမှာဘဲ ကို''

''ကိုလာခဲ့မယ်နော်''

''ဟုတ်''
...

ကျောင်းလွှတ်ဖို့က လိုသေးတယ်ဆိုတော့ မောင်လဲ ရဝီလေးအတွက် အရုပ်တွေနဲ့ မုန့်တွေ ဝယ်ဖို့အတွက် Ocean Super market ကို ထွက်လာခဲ့လိုက်သည်။

''ဒါလေးဆို ရဝီလေး ကြိုက်မှာ ၊ဒါရောယူရမယ် ၊ ဒီအရုပ်လေးလဲ ချစ်စရာလေး ရဝီလေးသဘောကျမှာ သေချာတယ် ၊ဒါလဲ ယူရမယ် ၊ဒီဝက်ဝံရုပ်လေးလဲ ချစ်စရာလေး ဒါလဲ ဝယ်သွားရမယ်၊ ရဝီလေးအတွက်က ရေခဲမုန့်ဝယ်ရမယ် အမ် ....နောက်ပြီး bubble tea လဲဝယ်ရမယ် ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now