''မေမေ ၊ မောင်ငယ့်တို့ကို အခုထိ သဘောမတူနိုင်သေးဘူးလား''
''ညည်းသမီးက ငါသဘောမတူလဲ သူ့မိန်းမနောက်သူ ကောက်ကောက်ပါအောင် လိုက်သွားတာလေ ငါနဲ့ဘာဆိုင်လို့လဲ''
''ထား ပြောချင်တာက ဒီလိုဘဲနေသွားတော့မလို့လား မေမေ ၊ မောင်ငယ့်ကို ဒီလိုဘဲ တစ်ယောက်ထဲလွှတ်ထားတော့မလို့လား သမီးယိမ်းလေးနဲ့အတူတူ မေမေလဲမနေချင်ဘူးလား ၊ ထား သိပါတယ် သမီးယိမ်းလေးနဲ့ ရဝီလေးကို မေမေချစ်တယ်ဆိုတာ ''
''ညည်းသမီးကိုက ခေါင်းမာနေတာပါအေ ဒီဖွားအေကို ဖုန်းဆက်ပြီးချော့ရင်တောင်ရနေတာကိုး ညည်းသမီးက ဖုန်းလေးတစ်ချက်တောင်မဆက်လာဘူးလေ''
''ဒါကတော့ မေမေရယ် မေမေ့မြေးက မေမေနဲ့တစ်ပုံစံတည်း ခေါင်းမာတာကိုလဲ သိရဲ့သားနဲ့ ထားတို့မောင်ငယ်တို့စီ လိုက်သွားကြမလား မေမေ ၊ မောင်ငယ်တို့ကို မလွမ်းဘူးလား ဘယ်လောက်ကြာနေပြီလဲ မေမေရယ် ၊ ''
မေမေက ဘာမှမပြောဘဲ အခန်းထဲကို ဝင်သွားတော့သည်။
.....''ကဲဟာ..... သေ.....သေ...... သေစမ်းကွာ''
''ဟဲ့ ညိုမောင် ဘာလို့ ကြက်ကို ရိုက်သတ်လိုက်တာလဲ နင့်ဘဲ အဲ့တိုက်ကြက်ဖကြီးကို ကြိုက်လို့ ဝယ်ထားတာမဟုတ်ဘူးလား''
''အရင်က ကြိုက်လို့ဝယ်ထားတာဟုတ်တယ် ဒါပေမဲ့ အခုက ကြက်တိုက်ပွဲမှာ ဒီကောင်ရီးရှုံးသွားလို့ အဲ့တာ ဟိုဘက်ရွာက ကောင်တွေကို ဒီကောင်ကြီးကိုပေးရမှာစိုးလို့ ကျုပ် ရိုက်သတ်လိုက်တာ''
''ဟယ်''
''ညိုမောင်ဆိုတဲ့ ကျုပ်ကလေ ကျုပ်ချစ်တဲ့အရာ ကျုပ်လိုချင်တဲ့အရာ ကို သူများကိုပေးရမယ်ဆိုရင် အဲ့ရာကို ကျုပ်ကိုယ်တိုင် ဖျက်ဆီးရမှာကျေနပ်တာဗျ ကျုပ်မပိုင်သလို ဘယ်သူမှလဲ မပိုင်တော့ဘူးပေါ့ မမမြရာ ဟားးးဟားးးးဟားးးး''
.............................''ညည်းတို့အဝတ်အစားတွေ မထည့်ကြသေးဘူးလား''
ထားနဲ့ ကိုလဲ တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်ပြီး မေမေ့ကို မေးလိုက်တယ်
''ဘယ်သွားမလို့လဲ မေမေ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။