Part 39

2.2K 105 16
                                    


ရွာလမ်းလေးအတိုင်း မောင်းလာလိုက်တာ တစ်အောင့်နေတော့ ဖွားဖွားတို့ခြံရှေ့ကိုရောက်လာခဲ့သည်။ ကားကို ခြံထဲကို မောင်းဝင်သွားလိုက်သည်။ဖွားဖွားနဲ့ မေမေက အိမ်ရှေ့မှာ ထွက်ကြိုနေတာကို တွေ့လိုက်ရသည်။မောင်လဲ ကားပေါ်က ဆင်းပြီး ယိမ်းနဲ့ ရဝီလေးလက်ကို တွဲပြီး ဖွားဖွားတို့ စီကို လျှောက်လာခဲ့လိုက်သည်။

''ရောက်လာကြပြီလား ကွယ်''

''ဟုတ် ဖွားဖွား''

''ဧည့်သည်တွေလဲ ပါလာတာကိုးကွယ့်''

ဖွားဖွားက ယိမ်းကိုကြည့်ပြီး ဒီစကားကိုပြောလာသည်။

''မဂ်လာပါ ဖွားဖွား''

ယိမ်းလဲ ဖွားဖွားကိုတွေ့တော့ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

''မဂ်လာပါကွယ်''

''ဖွားဖွား ၊ဟန်နီနဲ့မဝါလင်းကိုတော့ ဖွားဖွားသိမှာပါ ဒါက ယိမ်းတဲ့ ဟန်နီရဲ့ အစ်မလေ ဒါကတော့ ယိမ်းရဝီမောင်တဲ့ ယိမ်းရဲ့ သမီးလေး''

'' အေး​အေး ကြည့်ပါအုံး ကလေးလေးကချစ်ဖို့ကောင်းလိုက်တာကွယ်၊ လွပ်လွပ်လပ်လပ် နေကြနော် သမီးတို့ ဘာမှအားနာစရာမလိုဘူးနော် ကိုယ့်အိမ်လိုဘဲ သဘောထား ဟုတ်ပြီလား ''

''ဟုတ်ကဲ့ ဖွား''

''လာပါအုံး ချစ်စရာလေးကွယ်''

ဖွားဖွားက ရဝီလေးရဲ့ ပါးလေးကို ကိုင်ပြီးတော့ အသဲယားနေတော့သည်။

''မဂ်လာပါ ဖွားဖွား ''

ရဝီလေးရဲ့ မဂ်လာပါ ဖွားဖွား ဆိုတဲ့အသံလေးက ဖွားဖွားကို ပိုအသဲယားစေတယ်နဲ့တူတယ် ရဝီလေးကို လက်ပေါ်ကတောင်မချတော့ဘူး

''ဟော ကြည့်ပါအုံး ဖွားမြေးလေးမှာလဲ မောင်ငယ်လိုဘဲ ပါးချိုင့်လေးတစ်ဖက်ပါတယ်တော့''

''ယိမ်း ဒါက မောင့်မေမေ''

''မဂ်လာပါ အန်တီ''

''မဂ်လာပါကွယ် အေးအေးဆေးဆေးနားနော် သမီး၊ လိုတာရှိရင်လဲ ပြောနော် ဘာမှ အားနာစရာမလိုဘူး''

''ဟုတ်ကဲ့ပါရှင့် ''

''သမီးတို့လဲ နားရင်နားကြတော့လေ ခရီးပန်းလာ​ကြတယ်မလား သမီးတို့နားမဲ့အခန်းကို အန်တီလိုက်ပြမယ်နော်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now