Part 54

2.1K 131 28
                                    


''မောင်ရေ ထတော့ ''

''အင်းးးးး အစောရီးရှိသေးတယ်လေ ယိမ်းရဲ့''

''မောင် အလုပ်သွားရအုံးမယ်လေ''

ထိုအခါမှ မောင်က အိပ်နေရာကနေ ရုတ်တရက် ထထိုင်လိုက်သည်။

''အာ ဟုတ်သားဘဲ မောင်မေ့နေတာ ၊ ''

မောင်လဲ ယိမ်းကို ဖက်လိုက်ပြီး ယိမ်း ရဲ့ပုခုံးလေးပေါ်မှာ မေးလေးတင်လိုက်သည်။

''တော်သေးတာပေါ့ မောင့်ယိမ်းလေးသတိပေးလို့၊ မောင့်မိန်းမလေးရှိတာ ကောင်းလိုက်တာနော်''

''သွားပါ အပိုတွေ''

''မိန်းမတစ်ယောက်ရှိတာတောင် ဒီလောက်ကောင်း ရင် နှစ်ယောက်ဆို...''

''အားးးးအားးးးအားးးးးးနာတယ် ယိမ်းရဲ့''

''ပြောစမ်း နှစ်ယောက်ဆို ဘာဖြစ်လဲ''

''အားးးးးအားးးးးသေပါပြီယိမ်းရယ် လက် လက် လက်လေးကို....အ....အ...ရင်.... လွှတ်......လွှတ်.....ပေးနော်''

''ဟွန့် ပြော နှစ်ယောက်ဆို ဘာဖြစ်လဲ''

''နှစ်ယောက်ဆိုရင် မကောင်းဘူးလို့၊ဟဲဟဲ ဟော့ဒီက မောင့်မိန်းမတစ်ယောက်လေးဘဲရှိနေတာနဲ့တင် ပြည့်စုံပါပြီလို့ ပြောမလို့ပါ😁''

''ဟွန့် ရှင်နော် စောစောစီးစီး ကျမကို ဒေါသထွက်အောင်လာလုပ်နေတယ် ''

''ဟီးဟီ 😁မောင့်ယိမ်းလေးက ဒေါသထွက်ရင်လဲ တစ်မျိုးလေးချစ်ဖို့ကောင်းတာကိုးး''

''သွားပါ လာချွဲမနေနဲ့ ထတော့ ''

''ဟုတ်''

ယိမ်းလဲ မောင့်ကို နှိုးပြီးတာနဲ့ သမီးလေးစီကိုသွားလိုက်တော့သည်။

''မေမေ ဆေးလူးပေးရအုံးမလား သမီး''

''ဟုတ် မေမေ''

''သိပြီမလား မေမေ့ကို နောက်တစ်ခါ လိမ်ရင် ဒီထက်ပိုဆိုးမယ်နော် ဒါတောင် မေမေက အချက် သုံးဆယ်ဘဲ လုပ်ခိုင်းထားသေးတာ နောက်ခါဆို မေမေအလျော့ပေးမှာမဟုတ်ဘူးနော် ''

''ဟုတ်''

''ဂိုဂိုကျတော့ ဘာလို့ မနာတာလဲ မေမေ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now