''သမီး ဘာဖြစ်လာတာလဲ ပြန်ရောက်ကတည်းက အဲ့အပင်အရှေ့မှာဘဲ ငုတ်တုတ်ထိုင်နေတာ''
''ဘာမှ မဖြစ်ပါဘူး မေမေ''
''ဟုတ်လို့လား မေမေကိုပြောစမ်း တစ်ခုခုဖြစ်လာတယ်မလား''
''အိမ့် တောင်းပန်ပါတယ် မေမေ''
''ရပါတယ် သမီးအဆင်ပြေတဲ့အချိန်ကျရင် မေမေ့ကိုပြောပြနော်''
''ဟုတ်ကဲ့''
''ဒါဆို မေမေသွားတော့မယ် ဒီမှာအကြာကြီးထိုင်မနေနဲ့နော် သမီး ''
''ဟုတ်ကဲ့''
''အင်းအင်း''
ယိမ်းရေ မောင်တော့ မြွေမြွေချင်းခြေမြင်တယ်ဘဲပြောရမလား အဲ့လူကြီးရဲ့အကြည့်တွေကို မောင်သိနေတယ်ယိမ်းရဲ့ မောင်စိတ်ပူတာတစ်ခုကလေ ယိမ်းအဲ့လူကြီးကို ရွေးချယ်သွားမှာကိုဘဲ အကယ်၍ အဲ့လိုဖြစ်လာရင် မောင်ရင်ကျိုးမှာ ယိမ်းရဲ့ အခုတောင် ဒီအကြောင်းတွေစဥ်းစားလိုက်တိုင်း မောင့်မျက်ရည်တွေက အလိုလိုစီးကျလာနေတယ် တကယ်သာဆိုရင် မောင်တော့ရူးမှာ ယိမ်းရဲ့
.......''ငွေတော်တာရောင်ခြည် ထိန်လင်းတော့မည် သဒ္ဒါကပိုသည် ဆရာမကိုဘဲ အသဲစွဲအောင်ချစ်မိသည်''
အိတ်ထဲကဖုန်းringtoneအသံကြောင့် ယိမ်းစီကထင်ပြီးဖုန်းထုတ်ကြည့်လိုက်တဲ့အချိန် နံပါတ်စိမ်းတစ်ခုဖြစ်နေတယ်
''ဟယ်လို''
''ဟယ်လို ချာတိတ် တို့ပါ''
''မမဟန်နီလား''
''အင်း ဒါနဲ့ မင်းဒီနေ့အားလား''
''ဟုတ် အားပါတယ် မမဟန်နီ''
''တို့ မှုကထသွားစားချင်လို့ အဲ့တာ တို့တစ်ယောက်ထဲ ဖြစ်နေလို့ ချာတိတ်လိုက်ခဲ့ပေးပါလား''
''ဟို ဒါပေမဲ့''
''မငြင်းနဲ့နော် တို့ခနနေ မင်းအိမ်ရှေ့ရောက်တော့မှာ အဆင်သင့်ပြင်ထားနော်''
'' ဟုတ်ကဲ့''
မမသန္တာသူငယ်ချင်းဆိုတော့ ငါ့အစ်မဘဲပေါ့ လိုက်သွားပေးလိုက်ပါ့မယ်လေ
''ဟိတ်ချာတိတ် ၊ တို့ကိုထွက်စောင့်နေတာလား''
''ကားနဲ့ သွားမလို့လား မမဟန်နီ ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။