Part 60

2.3K 129 17
                                    


''အာာ.....''

''အင်းးးမောင့်အမျိုးသမီးလေးခွံ့ပေးတာမို့လို့လား မသိပါဘူး အရသာရှိလိုက်တာ ဟီးဟီ😁''

''ဟုတ်ပါပြီရှင် ယိမ်းကခွံ့ပေးမှာမို့လို့ ကုန်အောင်သောက်ရမယ်နော် မောင်''

ယိမ်းက မောင်ကားအက်စ်စီးဒန့် ဖြစ်ပြီးပြန်သတိရလာတဲ့နောက်ပိုင်း မောင့်ကို ပိုဂရုစိုက်လာခဲ့တယ် အခုလဲ လက်ကဆေးသွင်းထားလို့ မောင့်ကို ကြက်သားဆန်ပြုပ်လေးကို တယုတယ အပူလောင်မှာစိုးလို့ မှုတ်ပြီး ခွံ့တိုက်နေတာကိုဘဲ ကြည့်လေ ဟီးဟီ 😁

''မောင့်အမျိုးသမီးလေး ကလေ တစ်နေ့တစ်ခြား ဘာကြောင့် ပိုပိုချစ်ဖို့ကောင်းလာရတာလဲမသိဘူး မောင်ဖြင့် စဥ်းစားလို့တောင်မရဘူး''

''မောင်ဟာလေ ပိုကိုပိုလွန်းတယ်''

ထိုကဲကဲသဲသဲ နှစ်ယောက်ကို ဝါလင်းတို့အတွဲကတော့ မျက်နှာကြီးကို ရှုံမဲ့ကာ လက်ပိုက်ပြီးကြည့်နေတော့ သည်။

ဝါလင်း mind: အဖြစ်ကိုသည်းနေလိုက်တာ ငါ့နှယ် လူနာလာကြည့်တာလား သောက်အတွဲတွေ ro နေတာကို ဝဋ်ကြွေးရှိလို့ လာထိုင်ကြည့်နေရလားဆိုတာ မသဲကွဲတော့ဘူး😒။

''လိုတောင်လိုနေပါသေးတယ် ယိမ်းရဲ့ မောင်ဖြင့်ယိမ်းကိုလေ အာခံတွင်းထဲ ငုံပြီး သိမ်းထားလို့ရရင် သိမ်းထားလိုက်ချင်တယ် သိလား မောင့်အမျိုးလေးရဲ့''

''ထွီ................ရွံလိုက်တာဟာ''

''ရားးးဒီမှာ သူများ ဆန်ပြုပ်သောက်နေတယ်လေ မဝါလင်း''

''ဟဲ့ ငါနင့်ကို ပြောတာမှမဟုတ်တာ ငါ့ဘာသာငါဖုန်းကြည့်ပြီးပြောနေတာလေ ဘာဖြစ်လဲ နင်ဘာသာနင် သောက်စရာရှိတာသောက်ပေါ့''

(တွေ့မယ်)² မဝါလင်း ၊ အိမ့်ခြူးမောင် ဘာကောင်လဲဆိုတာ ပြရသေးတာ​ပေါ့

''အဟင်းဟင်းးးးးသိနေတယ်နော် မဝါလင်း သိနေတယ်''

ထိုအကြည့်ချင်းစစ်ခင်းနေတဲ့ နှစ်ယောက်ကို ယိမ်းကဘဲ စကားလမ်းကြောင်းလွှဲပေးရတော့သည်။

''ဆေးတောင်ကုန်တော့မှာဘဲ လက်ကအောင့်နေသေးလားမောင်''

''ဘာမှမဖြစ်တော့ပါဘူး ယိမ်းရဲ့ မောင်သက်သာနေပါပြီ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now