''အိမ့်လေး ဒီနေ့Report cardရတယ်ဆို''''ဟုတ် တီချယ်ချစ်သဲ''
''တီချယ့်ကို ပြကြည့်ပါအုံး တီချယ့်သမီးလေးက ဒီတစ်ခေါက်လဲ All A ဘဲရမယ်ဆိုတာ တီချယ်သိတယ်''
တီချယ် ချစ်သဲ က ပညာရေးကိုဆိုအတော်အလေးထားတဲ့သူပါ မျိုးရိုးစဥ်ဆက်အလိုက်ချမ်းသာကြတဲ့သူတွေဖြစ်ပေမဲ့ အခုထိကလေးတွေကို ကျူရှင်သင်ပေးတုန်း ပညာတော်တဲ့ကလေးတွေဆို ထောက်ပံ့တယ် လိုအပ်တာတွေလဲကူညီပေးတယ် ကျူရှင်လခမတတ်နိုင်တဲ့ကလေးတွေဆိုရင်လဲ အလကားသင်ပေးတယ် တီချယ်ချစ်သဲက အိမ့်လေးစားရတဲ့သူပါ
''မသဲကို ချယ်ပြောပါတယ် အိမ့်လေးက ဒီတစ်ခေါက်လဲ All A ပါဆို''
''တီချယ့် သမီးလေး ဘာလိုချင်လဲပြော ၊ တီချယ်က ဆုချချင်လို့''
မချယ်က အိမ့်အနားကပ်ပြီး လေသံတိုးတိုးလေးနဲ့ လိုချင်တာရှိရင်ရဲရဲပြောလိုက် အိမ့်လေး
''အိမ့် လိုချင်တာတော့ရှိတယ် တီချယ် ဒါပေမဲ့ အဲ့တာကို အိမ့်ကိုယ်တိုင်ကြိုးစားမှဘဲရမှာမို့လို့ပါ''
''ဟုတ်ပါပြီ ဒါဖြင့် တီချယ် ဘာသာဘဲ တီချယ် ကြိုက်တာဝယ်ပြီး တီချယ့်သမီးကို ဆုချတော့မယ်''
''ဟုတ်ကဲ့😁''
.......''မေမေ''
''ဘာပြောမလို့လဲ အိမ့်လေး''
''အကယ်၍ မေမေ့သမီးကလေ မိန်းခလေးတစ်ယောက်ကို ချစ်မိသွားရင် မေမေစိတ်ဆိုးမှာလားဟင် ''
''သမီးပြောချင်တာက ၊မေမေ့သမီးလေးက မိန်းခလေးတွေကိုဘဲ စိတ်ဝင်စားတယ်လို့ပြောချင်တာလား''
''အဲ့လိုမဟုတ်ပါဘူးမေမေ ၊ မိန်းခလေးတိုင်းကိုစိတ်ဝင်စားတာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ထဲကိုဘဲ ချစ်မိသွားတာပါ''
''မေမေကတော့ စိတ်မဆိုးပါဘူး၊ မေမေ့သမီးလေးရွေးချယ်တဲ့လမ်းကို မေမေမကန့်ကွက်ပါဘူး ဒါပေမဲ့ အမျိုးသမီးချင်းဖြစ်တော့ ဒီလမ်းဟာ သာမန်ထက်မတူဘဲ ခက်ခဲကြမ်းတမ်းလိမ့်မယ် မေမေ့သမီးလေးရင်ဆိုင်နိုင်ဖို့ဘဲ မေမေမျှော်လင့်တယ် နောက်ပြီး ကိုယ့်ရွေးချယ်မှုအပေါ် ကိုယ်သစ္စာရှိရမယ်နော် သမီး''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။