''ဟဲ့ မောင် ၊နင်ဒီမှာ ဘာထိုင်လုပ်နေတာလဲ ခနေကျောင်းတတ်တော့မယ်လေ အခန်းထဲသွားရအောင်''''ခနလေးပါဘဲ မဝါလင်းရဲ့''
''နင် တီချယ် ယိမ်းကိုစောင့်နေတာလား''
''ဟုတ်''
''ငါခုနက ရုံးခန်းအရှေ့ကဖြတ်တုန်းက တီချယ် ယိမ်း ဒီနေ့ခွင့်ယူထားတယ်လို့ကြားတယ်''
''ဟင် တီချယ် ယိမ်းနေမကောင်းလို့လား မဝါလင်း''
''အဲ့တာတော့ ငါလဲသေချာမကြားရဘူး၊ ကိစ္စတစ်ခုခုရှိလို့မလာတာလဲ ဖြစ်မှာပါ''
မောင် ရင်တွေပူလိုက်တာယိမ်းရယ် ယိမ်းက တစ်ခါမှခွင့်ယူဖူးတာလဲမဟုတ်ဘူး မောင့်ကိုလဲဖုန်းမဆက်ဘူး ဒီရက်ပိုင်းလဲ မောင့်ကိုရှောင်နေသလိုဘဲ ဒီနေ့မှာ မောင့်စိတ်တွေဘာလို့ လေးနေတာလဲ မသိဘူး
''လာပါတော့ဟာ ၊ကျောင်းတတ်တော့မယ် သွားရအောင်၊ တီချယ် ယိမ်း နေမြန်မြန်ပြန်ကောင်းလာမှာပါဟာ''
''ဟုတ်၊ ဒါဆို အခန်းထဲသွားကြရအောင်''
''လက်ထဲကနှင်းဆီပန်းလေးက လှလိုက်တာ တီချယ် ယိမ်းလဲ မလာဘူးဆိုတော့ ငါ့ကိုပေးလိုက်ပါလား''
''မပေးပါဘူး ဒီနှင်းဆီဖြူက တီချယ် ယိမ်းအတွက်၊ မဝါလင်းလိုချင်ရင် ဒီသစ်ခွပန်းတော့ရမယ် ယူမလား''
''အမလေး ဖြစ်နေလိုက်တာ၊ သူ့နှင်းဆီပန်းအဖြူကို ပေးပေး အဲ့သစ်ခွပန်းဘဲ''
''ရော့''
''အိမ့်ခြူးမောင် ၊နင်တီချယ် ယိမ်းကို ကြိုက်နေတာလား''
''အွန်း၊ ကြိုက်တာမဟုတ်ဘူး မဝါလင်းရဲ့ ချစ်တာ''
''ဟဲ့ တကယ်ကြီးလား''
''အင်း တကယ်ကြီး''
''နင်နဲ့တီချယ် ယိမ်းနဲ့ဆို ငါသဘောတူတယ် သိလား ၊ ငါက Lgbt supporting လေ အကူညီလိုရင်ငါ့ကိုပြောနော် ငါအားလုံးကူညီပေးမယ်''
''ကျေးဇူးပါ မဝါလင်း''
''မလိုပါဘူးဟာ နင်ကငါ့ကို ပွင့်ပွင့်လင်းလင်း ပြောတာကိုဘဲ ငါကျေနပ်ပြီ၊ ငါကအစကတည်းက နင့်ကို ပေးgay ချင်နေတာ နင်က Top ပုံစံနဲ့အားကိုးချင်စရာလေးလေ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။