''ပြန်ရောက်ပြီလား ယိမ်း ၊ ဒီကိုခနလာအုံး''ယိမ်းကျောင်းကပြန်ရောက်ရောက်ချင်းမာမီကခေါ်တော့ ယိမ်း ၊ မာမီ့အရှေ့က ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ် မာမီ့ကိုကြည့်ရတာ အရမ်းဒေါသထွက်နေသလိုဘဲ
''ဒါဘာတွေလဲ ယိမ်း''
ယိမ်းအရှေ့ကို ပစ်ချလိုက်တဲ့ စာအိတ်တစ်ခု၊ ယိမ်းလဲ စာအိတ်ကို ယူပြီး ဖွင့်ကြည့်လိုက်တယ်
''ဒါ ဒါ ဒါ တွေက''
''အေး ညဥ်းနဲ့ ညဥ်းကောင်မ နဲ့တွဲရိုက်ထားတဲ့ပုံတွေလေ ၊ ညဥ်းဘာငြင်းချင်သေးလဲ ဖြစ််စရာရှားလို့ မိန်းမတစ်ယောက်နဲ့မှ ဖြစ်နေရတယ်လို့အေ နောက်ပြီး အဲ့တာညဥ်းတပည့်မဟုတ်ဘူးလား ညဥ်းမရှက်ဘူးလားဟင် ယိမ်း၊ ငါ့ကိုပြောစမ်း ညဥ်းမရှက်ဘူးလား လို့''
တစ်ချိန်ကျရင် ဒါတွေက ကြုံလာရမဲ့အခက်ခဲတွေဆိုတာ ယိမ်း သိပါတယ် ။ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီးမာမီသိသွားမယ်လို့ ယိမ်း မထင်ခဲ့ဘူး
''ညဥ်းအခုမှ ဘာလို့နှုတ်ပိတ်နေတာလဲ ယိမ်း၊ အခုမှ ငါ့ရှေ့မှာလာပြီး မျက်ရည်လာကျပြမနေနဲ့ ယိမ်း ညဥ်းအဲ့ကောင်မလေးနဲ့ ချက်ချင်းအဆက်သွယ်ဖျက် အဲ့လိုမှမဟုတ်ရင် ညဥ်းဝါသနာပါတဲ့ ဆရာမအလုပ်ကို စွန့်လွှတ်လိုက်''
မာမီ စကားလုံးတွေကြား ယိမ်း မျက်ရည်ကျရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး ယိမ်းအလုပ်ထွက်လို့မရဘူး မောင်က နောက်ဆုံးစာမေးပွဲကြီးဖြေရအုံးမှာ ယိမ်းကြောင့် မောင် စိတ်ထိခိုက်သွားနိုင်တယ် မောင့်ရဲ့ အနာဂါတ် ယိမ်းကြောင့်ပျက်စီးသွားနိုင်တယ်
အတွေးများစွာနဲ့ ယိမ်းဟာ ဒေါ်မြရဝန်ဟန်အရှေ့မှာ ချက်ချင်းဒူးထောက်ပြီး မျက်ရည်တွေနဲ့ လက်အုပ်ချီကာ တောင်းဆိုနေတာက
''ဟင့်အင်း ယိမ်းတောင်းပန်ပါတယ် မာမီရယ်
၊ ယိမ်းမောင့်ကို ချစ်တယ်မာမီ ၊မောင်နဲ့မခွဲနိုင်လို့ပါ မာမီရယ် ယိမ်းတောင်းပန်ပါတယ် နော် နောက်ပြီး ယိမ်း ယိမ်း ဒီအလုပ်ကနေ မထွက်ချင်ဘူး မာမီ ဟင့်.... ယိမ်းတောင်းပန်ပါတယ် မာမီ''''တိတ်စမ်း ယိမ်း၊ ငါ့ရဲ့မျက်နှာကိုမှမထောက် ညဥ်းမို့လို့လုပ်ရက်တယ် ငါ့အသိုင်းဝိုင်းကြားမှာငါဘယ်လိုမျက်နှာပြရမလဲ ဟမ် ၊ ပြောစမ်းယိမ်း ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။