အခု ထမင်းစားဝိုင်းမှာ အားလုံး လူစုံတတ်စုံရောက်နေကြသည်။ ဟို အပြင်ကိုသွားတဲ့ မဝါလင်းတို့ အတွဲတော့မပါဘူးပေါ့ အားလုံးက မောင့်ရဲ့ အထူးစပရှယ် လက်ရာလေးတွေ ကို စားဖို့အတွက် စောင့်နေကြခြင်းဖြစ်သည် ။
စောင့်နေတယ်ဆိုပေမဲ့ မောင်က အတင်းခေါ်လို့ ရောက်လာကြတယ်ဆိုရင်ပိုမှန်ပါတယ် ဟဲဟဲ 😁
''အားလုံး အရသာရှိရှိ သုံးဆောင်လို့ရပါပြီဗျ''
''''ဟို လေ ဖွားဖွားတို့ ဗိုက်သိပ်မဆာသေးလို့ နောက်မှ ဘဲ စားတော့မယ်နော် မောင်ငယ်''
''ဟုတ်တယ် ဟုတ်တယ် မေမေတို့လဲ ဗိုက်သိပ်မဆာသေးလို့ နောက်မှဘဲ စားမယ်နော်''
ထို့နောက် မောင်လဲ ဖေဖေ့ဘက်ကို လှည့်ကြည့်လိုက်တော့
''အမ်းး ဖေဖေလဲ အတူတူဘဲ နေ့လည်က ရဝီလေးနဲ့ မုန့်တွေစားထားတော့ ဗိုက်သိပ်မဆာသေးဘူး မောင်ငယ်''
''ညနေ ၆ နာရီတောင်ကျော်နေပြီ ဗိုက်မဆာဘူးဆိုတာက မောင့်ကို လိမ်နေကြတာလား''
''ဖွားတို့မလိမ်ပါဘူး မောင်ငယ်ရယ် တကယ်ဗိုက်မဆာကြသေးလို့ပါ''
''ဘာလဲ ဖွားဖွားတို့က မောင်ချက်တဲ့ဟင်းကို မကြိုက်လို့လား''
''အဲ့ အဲ့ အဲ့လိုမဟုတ်ပါဘူး ''
''မောင်က အကုန်လုံးအကြိုက်ကို မောင်သေချာချက်ထားပေးတာ ဒါက မေမေ့အကြိုက် ငါးကြော်နဲ့ ကန်စွန်းရွက်ချဥ်ဟင်းချိုလေး''
ထိုအခါ ဒေါ်မြရဝန်ဟန် က ငါးကြော်နဲ့ ကန်စွန်းရွက်ချဥ်ဟင်းကို ကြည့်ပြီး တစ်ချိန်က မဲတူးနေတဲ့ငါးကြော်နဲ့ ငံတူးနေတဲ့ ကန်စွန်းရွက်ချဥ်ဟင်းကို ပြေးမြင်မိပြီး ချွေးစေးတွေပျံလာတော့သည်။
''ဒါလေးက ဖွားဖွားနဲ့ မေမေ့အကြိုက် ပုန်းရည်ကြီးသုပ်ရယ် အမဲရွတ်နဲ့ခရမ်းသီးလေးကို ရောချက်ထားတာ''
ထို့နောက် ဒေါ်မြမေမောင်နဲ့ ဒေါ်ထားမေမောင်တို့က ဟင်းပန်းကန်ကိုကြည့်ပြီး အရင်တစ်ခါ အမဲရွတ်ကိုစားပြီး ၃ရက်လောက် ထမင်းတောင်မဝါးနိုင်ဘဲ သွားတွေနာလာတာကို ပြန်သတိရမိသွားတော့သည်။ ပုန်းရည်ကြီးကိုမှ သံပုရာသီးညစ်ပြီး သုပ်တတ်တဲ့မောင့်အကြောင်းကိုသိနေတော့ ပါးစောင်တွေတောင် ကျိန်းလာကြသည်။
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။