''အိမ့်ခြူးမောင် ၊ နင့်ကြည့်ရတာ ဒီနေ့ အရမ်းပျော်နေသလိုဘဲ''''ပျော်လဲပျော်သလို ရင်လဲခုန်တယ်''
''ဘာဖြစ်လို့လဲ ''
''လာခဲ့ တိုးတိုးလေးပြောပြမယ်''
''အင်း၊ ဘာဖြစ်လို့လဲ''
''ဒီနေ့ကလေ ၊ ယိမ်းစီက အဖြေရမဲ့နေ့''
''ဟယ် ၊ တကယ်''
''ဖြည်းဖြည်းအော်ပါ မဝါလင်းရဲ့''
''ဟီးဟီး ငါကပျော်သွားလို့ပါ''
''ယိမ်းစီက အဖြေရမဲ့သူက မောင်လေ ၊ မဝါလင်းက ဘာကြောင့်ပျော်နေတာလဲ''
''ဟဲဟဲ အဲ့တာကလေ အကယ်၍ တီချယ် ယိမ်းသာနင့်ကိုအဖြေပေးရင် နင်တကယ် ဂေးသွားပြီလေ ၊ နင်ဂေးသွားတာကို ဝမ်းသာလို့ပါ''
''ဘာမှလဲမဆိုင်ဘူး ''
''အဲ့တာထားပါ ၊ နင်တီချယ် ယိမ်းနဲ့ ဘယ်မှာချိန်းထားတာလဲ''
''ဘာလုပ်ဖို့လဲ''
''လာချောင်းဖို့လေ ''
''ဘာ''
''အယ် မဟုတ်ပါဘူး ငါပြောတာက အမ် အကူညီလိုရင်လာကူလို့ရအောင်''
''မလိုပါဘူး ရတယ်''
''နင်ကလဲ ၊ ပြောပြလေနော်''
''မပြောပြပါဘူး မဝါလင်းကလာချောင်းမှာ သိတယ်''
''မချောင်းပါဘူး ဟာ''
''ချောင်းချောင်း မချောင်းချောင်း ၊မပြောပြဘူး၊ သွားပြီ''
မဝါလင်းကို မပြောပြချင်လို့ မဝါလင်းအနားကနေ အမြန်ထွက်ခဲ့လိုက်တယ် မဟုတ်ရင် မဝါလင်းက မရမက လိုက်မေးနေရင် ပြောပြမိသွားမှာစိုးလို့
.....
ဒီနေ့ ဝိုင်းလုပ်ပေးနေတာနဲ့ ယိမ်းစီတောင်မသွားရသေးဘူး ယိမ်းကိုလဲ ဒီတစ်မနက်လုံး တစ်ချက်လေးတောင်မတွေ့ရသေးဘူး ယိမ်းကဘယ်မှာလဲ မသိဘူး ကျောင်းမှာ ရှာတာလဲ နေရာနှံ့နေပြီ
''တီချယ် စိမ်း ''
''ဗိုက်ဆာလို့လား အိမ့်''
''မဟုတ်ပါဘူး တီချယ် ၊ ဟိုလေ တီချယ် ယိမ်းကို တွေ့မိသေးလားဟင်''

YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
عاطفيةအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။