Part 37

2.3K 124 8
                                    


''တူ....တူ....တူ.....''

သမီးလေးကို ချော့သိပ်ပြီး ၊ ပြတင်းပေါက်ပိတ်ဖို့အလုပ် စားပွဲပေါ်မှာတင်ထားတဲ့ ယိမ်းရဲ့ ဖုန်းကမြည်လာခဲ့သည်။ ဒီလိုနဲ့ တံခါးကို မပိတ်တော့ဘဲ စားပွဲနားကိုလျှောက်လာလိုက်တယ်၊ ဖုန်းကို ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ မောင်ဖြစ်နေတယ် ယိမ်းလဲ နာရီကြည့်လိုက်တော့  အချိန်က ၉နာရီထိုးနေပြီ

''ဟယ်လို''

''အိပ်ပြီလား ယိမ်း''

''မအိပ်သေးလို့ ဖုန်းကိုင်တာပေါ့ ရှင်ရဲ့''

''ဟဲဟဲ ဟုတ်သားဘဲ မောင်မေ့သွားလို့😁၊ ဒါဆို ထမင်းရောစားပြီးပြီလား ယိမ်း''

''ရှင်ဟာလေ အချိန်ကိုလဲပြန်ကြည့်ပါအုံး ဘယ်အချိန် ရှိနေပြီလဲ ၊စားပြီးပြီပေါ့ရှင့်''

''ဟီးဟီး😁 ၊ ဒါနဲ့လေ ညနေက မောင်ပြောထားတဲ့ကိစ္စလေး''

''ရှင်လုပ်လို့၊ သမီးလေးက အိမ်ရောက်တာနဲ့ အိပ်ခါနီးအထိ သွားချင်တယ်ဘဲ တဂျီဂျီပူဆာနေတာ ၊သွားမယ်လို့ပြောလိုက်မှ ခုနမှ အိပ်သွားတာ အဲ့တာရှင့်ကြောင့် ၊အခုတော့ လိုက်ရတော့မှာပေါ့''

''ဘာမှမပူပါနဲ့ ယိမ်းရဲ့ မောင်တစ်ယောက်လုံးရှိနေတာဘဲလေ ယိမ်းလေးနဲ့သမီးလေးကို မောင်ကစောင့်ရှောက်ပေးမှာပေါ့''

''ဒါနဲ့ ဘယ်အချိန်သွားမှာလဲ''

''မောင်က မနက်စောစော လောက်သွားရင် ကောင်းမလားလို့ ဟိုရောက်ရင် သမီးလေးနဲ့ ယိမ်းလဲ အေးအေးဆေးဆေးနားလို့ရတာပေါ့ ၊ညနေလောက်ကျရင် အကုန်လုံးကို မောင် ဘုရားလိုက်ပို့ပေးချင်လို့''

''အချိန်ကရော''

''၅နာရီလောက် ၊မောင် အိမ်ကနေထွက်ခဲ့မယ်လေ ယိမ်းနဲ့သမီးလေးကို လာကြိုပြီးတာနဲ့ မောင်တို့ တစ်ခါတည်းသွားကြမယ် မနက်စာကိုတော့ မောင်တို့လမ်းမှာဘဲ တစ်ခုခုဝယ်စားကြတာပေါ့''

''ဒါဆိုရင်လဲ ပြီးရောလေ ၅နာရီလောက်ထွက်ခဲ့မယ်ဆို ပြီး အိပ်ပုတ်ကြီးမနေနဲ့အုံးနော်''

''ဟီးဟီး 😁၊ မောင် အိပ်နေတော့လဲ ယိမ်းလေးက ဖုန်းဆက်ပြီးနှိုးပေးပေါ့''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now