Part 12

2K 109 8
                                    


'' မောင် ၊ နင်ဖြေနိုင်လား''

''အေးဆေးပါ ၊ မဝါလင်းရဲ့''

''အင်းပေါ့လေ စာရတဲ့သူတွေကတော့ ပြောအားရှိတာပေါ့''

''သူများကိုပြောနေတာ မဝါလင်းကရော မဖြေနိုင်တာကျနေတာဘဲ''

''ဟီးဟီး 😁''

''နောက်နေ့ဖြေမဲ့ ဘာသာတွေ သေချာလုပ်အုံးနော် မဝါလင်း''

''အေးပါ မောင်ရဲ့''

''ဒါဆို မောင်သွားလိုက်အုံးမယ်''

''ဘယ်သွားမှာလဲ ၊ ငါလဲ လိုက်မယ်လေ''

''အရှေ့ကဆိုင်မှာ ဝယ်စရာရှိလို့၊ လိုက်မလို့လား''

''လိုက်မယ်လေ''
.....

''မောင် ၊ နင်ဘာဝယ်မလို့လဲ''

''ကလစ်လေး ဝယ်မလို့လေ ''

''ငါ့အတွက်လား''

''မဟုတ်ပါဘူး၊ တစ်ယောက်ယောက်ကို ပေးချင်လို့''

''ဘယ်သူ့ကို ပေးမှာလဲ ၊ မောင် နင်မှန်မှန်ပြောနော် နင် အငယ်တန်းက ကလေးမလေးတွေနဲ့ တွဲနေတာလား ''

''ဟာ မဟုတ်ပါဘူးမဝါလင်းကလဲ''

''မသိဘူးလေဟာ နင်က သူငယ်ချင်းဖြစ်တဲ့ ငါ့ကိုကျတော့ မဝယ်ပေးဘူး၊ တခြားသူကို ဝယ်ပေးမယ်ဆိုတော့ ဒါဖြစ်သင့်ရဲ့လား''

''ရားးးမဝါလင်းရာ ၊ ယူယူ ကြိုက်တာယူ တစ်ခုဘဲ ရမယ်နော်''

''ဟီးဟီး ပြီးရော ပြီးရော😁''

''အစ်မ ဒီကလစ်လေး တစ်ခုဘယ်လောက်လဲ''

''၄၅၀၀ ပါညီမ ၊ ဒီကလစ်က တစ်ခုဘဲရှိတော့တာ အခုတလော အရမ်းရောင်းရတာ''

''ဒါလေး တစ်ခု ယူမယ်နော် အစ်မ''

''အင်း ''

''မောင် ၊ ငါက ဒီ ခေါင်းစီးကြိုးလေးယူမယ်နော် ''

''အင်း ၊ အစ်မ ဒီ ၂ ခု ဘယ်လောက်ကျလဲ ''

''၇၃၀၀ ကျတယ် ညီမ ၊ ဒါပေမဲ့ ၇၀၀၀ ဘဲ ပေးနော်''

''ဟုတ်ကဲ့ ၊ ကျေးဇူးပါဘဲနော် အစ်မ''

''ရပါတယ် ၊ နောက်လဲ လာအားပေးအုံးနော် ''

''ဟုတ်ကဲ့''

''မဝါလင်း အတန်းထဲ အရင်သွားလိုက်နော် ၊ မောင် သွားစရာလေးရှိလို့''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now