Part 3

2.5K 136 2
                                    

''ဟာ ၊ ကာယ အချိန်ကို ဘာလို့ မြက်နုတ်ခိုင်းတာလဲ မသိဘူး''

''မဝါလင်းက မြက်မနုတ်ဘဲ အဂ်လိပ်ဆရာမ အချိန်ပိုယူမှာကို သဘောတူနေတာလား''

''ဟာ ၊ မဟုတ်ပါဘူး အဂ်လိပ်စာသင်မှာထက်စာရင် မြက်နုတ်ရတာမှ အကောင်းဆုံးဘဲ သိလား''

''ခုနက ညီးနေတာ သူမဟုတ်တဲ့ အတိုင်းဘဲ''

''မောင် ၊ ဟိုမှာမြတ်နုတ်နေတာ တီချယ် ယိမ်းမဟုတ်ဘူးလား''

''ဟုတ်တယ်''

''တီချယ် ယိမ်းက ချောတယ်နော် အသက်ငယ်ငယ်လေးဘဲ ရှိအုံးမယ် ထင်တယ်''

''မောင် ကတော့ ၂၅ နှစ်လောက်ဘဲ ရှိမယ်ထင်တယ်''

''ငါက ၂၇ လို့ထင်တယ်''

''၂၅ နှစ်ဘဲ ရှိသေးမှာပါ''

''အဲ့ဒါဆို လောင်းမလား၊ ငါက ၂၇''

''ok လေ''

''အာ့''

တီချယ် ယိမ်းစီက အသံကြားလို့ ပြေးသွားလိုက်တာ ဘယ်ကနေဘယ်လို တီချယ် ယိမ်း အရှေ့ကို ရောက်သွားလဲ ဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘူး။ စိုးရိမ်စိတ်နဲ့ တီချယ် ယိမ်းရဲ့ လက်ကို ကြည့်မိလိုက်တော့

''တီချယ် လက်မှာ သွေးတွေထွက်နေတယ်''

''မြက်ကို အားနဲ့ ဆွဲနုတ်လိုက်မိလို့ လက်ရှသွားတာပါ''

''သမီးမှာ အနာကပ်ပလာစတာပါတယ် တီချယ်၊ သမီး လုပ်ပေးပါရစေ''

''မဝါလင်း ၊ ရေဘူးလေး ခနပေးပါလား''

''အနာကပ်ပလာစတာက ဘယ်ကရတာလဲ အိမ့်''

''သမီးက လိုရမယ်ရ ဆောင်ထားတာပါ တီချယ်''

''ကျေးဇူးဘဲနော် သမီးတို့''

''ရပါတယ် ၊ တီချယ် ယိမ်း''

ဟွန့် အိမ့်ခြူးမောင်တို့ကတော့ ငါ့အနာကပ်ပလာစတာနဲ့ မျက်နှာလုပ်လိုက်ပြန်ပြီ၊ သူများလက်ဓါးရှထားတာ ကပ်မလို့ပါဆို တော်တော်ကောင်းတဲ့ သူငယ်ချင်း၊ ဝယ်ခိုင်းတုန်းကကျတော့ မဝယ်ပေးချင်ဘူး။

''တီချယ် ယိမ်း ၊ သမီးတို့ တစ်ခုလောက်မေးလို့ရမလား''

''မေးလေ သမီး''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now