Part 48

2.1K 120 26
                                    


အင်း ထိုကလေးမကို တစ်နေ့နေ့တော့ ဟင်းချက်သင်ပေးရအုံးမယ် ဒါမှ နောက်နေ့တွေ ဆေးကြိုမသောက်ရမှာ

ဒေါ်မြရဝန်ဟန် ဟာ သူ့ချွေးမလေး ကောင်းကြောင်း

တွေကိုပြောဖို့ရန်အတွက် ယိမ်းကို ဖုန်းဆက်လာပါတော့သည်။

''တူ......တူ...''

''ဟယ်လို မာမီ ၊ နေကောင်းရဲ့လား''

''နေကောင်းပါတယ် သမီးရယ်၊ သမီးတို့ရော အဆင်ပြေကြလား မြေးလေးရော အိပ်သွားပြီလား ''

''ဟုတ် မာမီ ၊ သမီးလေးက ခုနလေးမှ အိပ်ပျော်သွားတာ''

''အော် အေးအေး ၊ ဒါနဲ့လေ မေမေ ပြောစရာရှိလို့''

''ဘာပြောမလို့လဲ မေမေ''

''အင်းးး ဟိုကလေးမလေးလေ ဒီနေ့ မာမီ့စီလာသွားတယ် မာမီစားဖို့ဆိုပြီး မာမီ့အတွက် ကန်စွန်းရွက်ချဥ်ဟင်း နဲ့ ငါးကြော်လေး ချက်ပေးတယ်ကွယ် စိတ်ထားလေးကတော့ အတော်ကောင်းရှာပါတယ် ဒါပေမဲ့..''

ထင်တဲ့အတိုင်းပါဘဲ မောင့်အကြောင်း မေမေပြောတော့မယ်ဆိုတာ

''ဒါပေမဲ့ ဘာဖြစ်လို့လဲ မာမီ''

ယိမ်းမေးလိုက်တော့ မေမေက ရယ်ပြီးတော့ပြောလာတော့သည်။

''ဘာဖြစ်ရမှာလဲ ယိမ်းရယ် အဲ့ကလေးမလေး ကြော်ပေးတဲ့ ငါးကြော်ကလေ တူးနေတာကလွဲရင် အကုန်စားလို့ကောင်းပါတယ်ကွယ် ''

ယိမ်း မေမေ့အပြောကို သဘောတကျ ရယ်မိတော့သည်။
ဘာလို့ဆို မောင့်အကြောင်း ယိမ်းအသိဆုံးဘဲမို့လို့လေ

''ဒါနဲ့ မာမီက စားလိုက်တာလား''

''စားရတာပေါ့ မာမီ့အတွက်ဆိုပြီး သူ့ခဗျာ ဆီအပေါက်ခံပြီး ကြော်ထားပေးတာ ထမင်းစားတုန်းကဆို မာမီဖြင့် အဲ့ကလေးမလေးကို ကြည့်ပြီး သူကြော်ထားပေးတဲ့ ငါးကြော်နဲ့ အချဥ်ဟင်းရည်ကို ကြိတ်မှိတ်ပြီးစားလိုက်ရတယ်''

ယိမ်းလဲ အောင့်မနိုင်တော့ဘဲ အားရပါးရကို ရယ်ချလိုက်တော့သည်။ မေမေကလဲ မောင့်အကြောင်းတွေ ကို သဘောတကျပြောနေတာ မဆုံးတော့ဘူး

''ဖြစ်မှဖြစ်ရလေ မာမီရယ်''

''ထမင်းစားဝိုင်းမှာ လေ မာမီက အဲ့ကလေးမလေးကိုကြည့်ပြီး စိတ်ထဲကနေတစ်ခုတွေးမိတယ် ငါ့သွားတိုက်ဆေးတွေတော့ကုန်ပြီလားမသိဘူးလို့ သူ့ခဗျာ မတတ်သတတ်နဲ့ ကြော်ထားတော့ မာမီလဲ ငြင်းရမှာ အားနာပြီ ကြိတ်မှိတ်ပြီးစား လိုက်ရတယ်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now