"တွေ့ကြရအောင်၊ တို့ မက်ဆေ့ ပို့တဲ့နေရာကို ညနေ ၄ နာရီကျရင်လာခဲ့''''ဟုတ်ကဲ့ ယိမ်း ၊
မောင်လာခဲ့မယ်နော် ၊
ယိမ်းကို မောင်အရမ်းလွမ်းနေတာ ယိမ်းရဲ့ ၊
ချစ်တယ်နော် ယိမ်း''ယိမ်းစီက reply ကိုမျှော်နေမိသေးတယ် ဒါပေမဲ့ ယိမ်းက လိုင်းပေါ်ကဆင်းသွားခဲ့သည်။
''မောင် ''
''မဝါလင်း ၊အိမ်လာလည်တာလား''
''အင်း ဟုတ်တယ် ၊အိမ်မှာတစ်ယောက်ထဲနေရတာ ပျင်းလို့ နောက်ပြီး အမေက အန်တီနဲ့ နင့်အတွက် သာဂူပြုပ် ထည့်ပေးလိုက်တယ်''
''ပေးပေး မောင် ချိုင့်လှပ်ပေးမယ်''
''ဒါနဲ့ နင့်ကြည့်ရတာ ဒီနေ့ တက်ကြွနေသလိုဘဲနော်''
''ဟဲဟဲ ညက မောင့်ကို ညနေကျရင်လာတွေ့ဖို့ ယိမ်းက စာပို့လာတယ်လေ''
''ဪ ဒါ့ကြောင့်ကို ၊ ငါလဲ လိုက်ချင်တယ် အိမ်မှာဆိုပျင်းတယ်ဟ''
''ရတယ် လိုက်ခဲ့''
''ငါသင်တန်းစုံစမ်းထားပြီးပြီ သင်တန်းက နောက်တစ်ပတ်ဆိုဖွင့်ပြီတဲ့''
''Enlglish speaking လား မဝါလင်း''
ချိုင့်ဆေးပေးရင်းနဲ့ မဝါလင်းကို မေးလိုက်တယ်
''အင်း ဟုတ်တယ် နင်ရောတတ်မယ်မလား ''
''ဟုတ်''''ချိုင့်တော့ဆေးပြီးပြီ၊ အကယ်၍ မဝါလင်းလိုက်ချင်ရင် ညနေ ၄ နာရီ ကျရင်လာခဲ့လေ''
''အင်းအင်း ''''ဒါဆို ငါသွားတော့မယ်နော်''
''ဟုတ်''
ဒီလိုနဲ့ ညနေ ၄ နာရီထိုးခါနီးကျတော့ မောင့်စီကို မဝါလင်းရောက်လာခဲ့တယ်
''မဝါလင်းက တကယ်လိုက်မလို့လား''
''အင်း ဟုတ်တယ်လေ''
''ဒါဆိုလဲ သွားကြမယ်''
ဒီလိုနဲ့ ယိမ်းနဲ့ ချိန်းထားတဲ့နေရာကို နှစ်ယောက်လုံးပျော်ရွှင်စွာနဲ့ ထွက်လာခဲ့တယ်
''အမယ် ရှိုးတွေဘာတွေးထုတ်ထားလိုက်တာနော် တီချယ် ယိမ်းနဲ့တွေ့ရမယ်ဆိုတော့ အိမ့်ခြူးမောင်တို့များ''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။