''ဟဲ့ မောင် ၊ ဘာလို့မျက်နှာရီးက မှုန်ကုပ်နေတာလဲ၊စာမေးပွဲပြီးသွားလို့ ပျော်နေရမှာမဟုတ်ဘူးလား''''ဘာမှမဖြစ်ပါဘူး''
''ဟုတ်လို့လား ၊ နင့်ကို ကြည့်ရတာလေ ရည်းစားပူမိနေသလိုဘဲ''
''ရည်းစားပူမိနေတာမဟုတ်ဘူး မဝါလင်းရဲ့ လွမ်းလို့တွေ့ချင်နေတာ ''
နောက်ဆုံးဘာသာလဲ ဖြေပြီးပြီ အခုထိ ယိမ်းကိုလဲ မတွေ့ရသေးဘူး ဒီရက်ပိုင်း စာမေးပွဲအတွက် စာတွေလုပ်နေရတာနဲ့ ယိမ်းစီကိုမသွားဖြစ်ဘူး ယိမ်းကလဲ စာမေးပွဲမပြီးမချင်းလာမတွေ့ပါနဲ့တဲ့ အခုစာမေးပွဲ ပြီးလို့ သွားတွေ့ဖို့ကလဲ အခန်းထဲမှာ တခြားတီချယ်တွေက ရှိနေတယ် လွမ်းလိုက်တာ ယိမ်းရယ် မောင်တော့ တစ်ရက်မတွေ့ရရင် မနေနိုင်လောက်အောင် ယိမ်းကို စွဲလမ်းမိနေပြီ
''ဘယ်သူ့ကိုလဲ''
''ဘယ်သူ့ကိုမှမဟုတ်ပါဘူး ''
''မလိမ်တတ်ဘဲနဲ့ မလိမ်စမ်းပါနဲ့ မောင်ရာ ၊ မဟုတ်မှ နင် အငယ်တန်းက ကလေးမလေး တစ်ယောက်ယောက်နဲ့တွဲနေတာလား''
''မဟုတ်ပါဘူးစို''
''ဟဲ့ ဒါဆို ဘယ်သူလဲ ငါ့ကိုပြောပြလေ''
''ဘယ်သူ မှ မဟုတ်ပါဘူး''
''မောင် ၊ နင်သူငယ်ချင်း အချင်းချင်း တောင် လျှိုထားတယ်နော်''
''လျှိုထားတာ မဟုတ်ပါဘူး မဝါလင်းရဲ့ အချိန်မကျသေးလို့ပါ အချိန်တန်ရင် မောင်ပြောပြပါမယ်''
''အေးပါ ၊ နင့်ကတိနင်တည်နော် မောင်''
''ဟုတ်ကဲ့ပါ''
''စိတ်မညစ်ပါနဲ့ မောင်ရာ ၊ ကျောင်းရှေ့မှာ ရခိုင်မုန့်တီသွားစားမယ်''
''အင်း ''
............
''ဒါနဲ့ ကျောင်း ၃ရက်ပိတ်တာ နင်ဘာတွေလုပ်မလဲမောင်''
''ဘာမှမလုပ်ပါဘူး မဝါလင်းရဲ့ ပုံမှန်အတိုင်းပဲ ကံ့ကော်ပင် နဲ့ နှင်းဆီပန်းထပ်စိုက်မလို့''
''နှင်းဆီက အဖြူဘဲလား''
''ဟုတ်တယ်လေ''
''နင်မလဲနော် ၊ အဲ့နှင်းဆီအဖြူဘဲ စိုက်နေ ငါ့အတွက် သစ်ခွပင်စိုက်ပေးပါစို မစိုက်ပေးဘူး။ ငါအပင်ဝယ်ပေးပါ့မယ်ဟာ ငါ့လက်ကပူတော့ ဘာအပင်စိုက်စိုက် မရှင်ဘူးဖြစ်နေလို့''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။