Part 42

2.4K 108 28
                                    

ညနေ ထမင်းစားပြီးလို့ ယိမ်းတို့ ကုက္ကိုလ်ပင်အောက်က ကွပ်ပျစ်ကြီးပေါ်မှာ ထိုင်ပြီး အားလုံး စကားလက်စုံကျနေကြသည်။

''အယ် မေမေ မေ့နေတာ ''

ထိုအချိန် မေမေက ကွပ်ပျစ်ပေါ်ကနေ ထလိုက်တယ်။

''ဘယ် သွားမလို့လဲ မေမေ ''

''အို မေမေ့သမီးလေးတွေအတွက် မေမေ ဝယ်ထားတာလေးတွေ သွားယူမလို့''

မေမေက ပြောပြီးတာနဲ့ အိမ်ထဲကို ဝင်သွားတော့သည်။

''ဟီးဟီး မောင့်အတွက်😁 မေမေက ဘာဝယ်ထားလဲ မသိဘူး ''

ကလေးစုတ်လေးက လူကြီးလေးသာဖြစ်လာတာ အခုထိ လက်ဆောင်တွေကို စိတ်ဝင်စားနေတုန်းဘဲ ယိမ်းလဲ မောင့်ကိုကြည့်ပြီးပြုံးနေခဲ့သည်။

''ဟဲ့ အန်တီမေက သမီးတွေလို့ ပြောသွားတာ ၊အဲ့တော့ ငါ့အတွက်လဲပါမှာ သေချာတယ်''

''မဝါလင်းအတွက်ပါတယ်လို့ ဘယ်သူပြောလို့လဲ''

''အန်တီမေ ကိုယ်တိုင် သမီးတွေလို့ပြောသွားတာလေ နင့်တစ်ယောက်ထဲမဟုတ်ဘူး ငါတို့အတွက်လဲ ပါမှာ''

''ကယ် ဒီကလေးကြီးနှစ်ယောက်ကတော့လေ ရန်ဖြစ်နေကြပြန်ပြီ''

မောင့်ပေါင်ပေါ်တွင် ထိုင်နေတဲ့ မီးမီးလေးက မောင်တို့ကိုကြည့်ပြီး ပြောလာသည်။

''မီးမီးလဲ လက်ဆောင်လိုချင်တယ်''

ထိုအချိန် မေမေက အိတ်အထုပ်ကြီးတစ်ထုပ်ကို အိမ်ထဲကနေ သယ်လာခဲ့သည်။

''ဖွားမြေးလေးကိုလဲ ဖွားက ပေးမှာပေါ့ ၊ ဖွားမြေးလေး ရဝီလေးအတွက်လဲပါပါတယ်ရှင်''

''ရေးးးးးးးး''

မေမေက ပြောပြီးတာနဲ့ ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်ပြီး အထုတ်ကိုဖြည်လိုက်သည်။

''ဒါက သမီးယိမ်းလေးနဲ့ ရဝီလေးအတွက် မေမေဝမ်းဆက်လေး ဆင်တူမှာထားပေးတာ''

''ကျေးဇူးတင်ပါတယ် မေမေ''

ယိမ်းလဲ မေမေ ပေးတဲ့ မြန်မာဝတ်စုံဆင်တူလေးကို ကမ်းယူလိုက်တယ်

''ရပါတယ် သမီးရယ် ညကျရင် ဘုရားပွဲသွားရင် ဝတ်ခဲ့နော်''

''ဟုတ်ကဲ့''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now