Part 55

2.2K 133 23
                                    


''မောင် ရေ ထတော့ ထတော့ ''

''မောင် ထတော့လို့ ထတော့''

''ဂိုဂို ထတော့လို့''

''အားးးအား သေပါပြီ မောင့်ကို နှိုးနေတာလား ရိုက်သတ်နေတာလားဆိုတာတောင် မောင်ဖြင့် မသဲကွဲတော့ဘူး ယိမ်းရယ် တယ်လဲ လက်သန်ပြောင်လိုက်တာ မောင့်မိန်းမက သမီးလေးကလဲ အမေတူသမီးလေးလို့ကိုမပြောရဘူး တအားလက်သန်ပြောင်တာဘဲ"

''ဟီးဟီ ဂိုဂိုက အိပ်ပုတ်ကြီးနေတာကိုး😁''

''ပြောပြလိုက် သမီးလေး ဒီလောက်နှိုးနေတာကို မသိချင်ယောင်ဆောင်ပြီး အိပ်နေတာ အဲ့တာပြောတာပေါ့ အိပ်ချင်ယောင်ဆောင်တဲ့သူက နှိိုးရခက်တယ်ဆိုတာ''

''ဂိုဂိုက နိုးတာကြာပါပြီနော် ခနလေးမှေးနေတာပါ''

''အချိန်ကိုလဲ ကြည့်အုံးမောင် ၊ မောင်ဝေ့နေမှာနဲ့ဆို အလုပ်သွားရင် နောက်ကျတော့မှာ''

''ယိမ်းကလဲ''

''ဂိိုဂိုက ရဝီ့ထက်တောင် အိပ်ပုတ်ကြီးတာဘဲ🤭''

''ဂိုဂိုက ဒီနေ့မှ ရဝီလေးထက်အိပ်ရာထ နောက်ကျတာပါနော် ၊ခါတိုင်းဆို ဂိုဂိုပန်းပင်တွေ ရေလောင်းပြီးတာတောင် ရဝီလေးက သွားရည်တွေကျပြီး အိပ်နေတုန်း''

''ဟွန့် ဂိုဂိုသာ လူကြီးဖြစ်ပြီးတော့ အိပ်ရင်လေ အခုထိ ဖက်လုံးပါမှအိပ်တာမလား ''

''ကယ် ဒီသားဖနှစ်ယောက်ကတော့ စောစောစီးစီး တစ်ယောက်နဲ့တစ်ယောက်ကပ်ဖဲ့နေကြပြီ မောင်လဲ ထတော့ အလုပ်သွားရအုံးမယ်မလား ၊ သမီးလေးလဲ ကျောင်းသွားဖို့ ပြင်ရအုံးမယ် လာ''

''ဟုတ်ကဲ့''
''ဟုတ်ကဲ့''

ခနနေ မောင်လဲ မျက်နှာအရင်သစ်ပြီး ကပ်ကြေးကိုကိုင်တာ အိမ်ထဲကနေထွက်လာခဲ့လိုက်တော့သည်။

မောင့်အမျိုးသမီးလေး ကျောင်းသွားရင် ပန်ဖို့ အရင်ဆုံးပန်းခူးပေးရအုံးမှာမလား။

''ဂိုဂို ပန်းခူးမလို့လား''

''သမီးလေးက လိုချင်လို့လား''

''ဟီးဟီ ဟုတ်''

''လိုချင် ဂိုဂို့ကို အာဘွားပေးမှရမယ်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now