Part 20

2K 89 4
                                    


''မဝါလင်း''

''ဟေ''

''ကျောင်းကထိန်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ''

''တစ်ပတ်လောက်တော့ လိုသေးတယ်၊ ဘာဖြစ်လို့လဲ''

''ဘာမှမဖြစ်ပါဘူး ၊ ဒါဆို ကြာအုံးမှာပေါ့နော်''

''ဟဲ့ တစ်ပတ်ကကြာမလား ခနလေးဘဲကို''

''ကြာတာပေါ့ မဝါလင်း ရဲ့ တစ်ပတ်ကြီးများတောင်လေ''

''နေပါအုံး ခါတိုင်းဆို ကျောင်းကထိန်ကို စိတ်မဝင်စားတဲ့သူက ထူးထူးဆန်းဆန်း တကူးတက လာမေးနေတာဆိုတော့ ကထိန်မှာ ဘာလုပ်မလို့လဲ''

''ဟဲဟဲ ဒီနှစ်ကျောင်းကထိန်မှာ အမှတ်တရလေးတွေ ဖန်တီးချင်လို့''

''အမလေး ထူးထူးဆန်းဆန်း ''

''ဟုတ်တယ်လေ မဝါလင်း ရဲ့ မဝါလင်းဘဲစဥ်းစားကြည့် မောင်တို့က ကျောင်းတတ်ရမှာ ဒီနှစ်ကနောက်ဆုံးနှစ်လေ နောက်ဆို ကျောင်းကထိန်မှာရှိတော့မှာမဟုတ်ဘူး၊ အဲ့တော့ ကျောင်းကထိန်မှာ အမှတ်တရလေးတွေဖန်တီးသွားချင်လို့ပါ''

''အင်း အဲ့တာလဲဟုတ်သားဘဲ ၊ဒါနဲ့ ဘယ်လိုဖန်တီးမှာလဲ''

''ဒီနှစ်ကထိန်ကလှည့်မှာမလား အဲ့တော့ ခါတိုင်းလိုကားနဲ့မသွားတော့ဘဲ လမ်းလျှောက်ကြမယ်လေ ပြီးတော့ ဘောက်တွေလဲဖွင့်မယ် ၊ လမ်းမှာ အချိုရည်ဝေပေးတဲ့သူတွေလဲ ကုသိုလ်ရတာပေါ့၊ ပြန်ရောက်ရင်လဲ ကျောင်းမှာ မုန့်လုပ်စားကြမယ်လေ၊ ပြီးရင် တီချယ်တွေကိုလိုက်ပို့ပေးမယ်လေ ၊ အတန်းထဲကသူတွေကို မဝါလင်းပြောပေးမှရမယ် ၊ တီချယ်သာသဘောတူရင် အတန်းငယ်တွေကို မောင်နဲ့မဝါလင်းနဲ့အတူတူသွားပြောကြမယ်လေ''

''အဲ့တာက ပိုက်ဆံအတော်ကုန်မှာနော်''

''ပိုက်ဆံအတွက်က ဘာမှမပူပါနဲ့မဝါလင်းရဲ့ မောင်စုထားတာလဲရှိတယ် နောက်ပြီး လှူချင်တဲ့သူတွေလဲရှိတယ်၊ အလှူငွေတွေရလို့ပိုက်ဆံလောက်တယ်ဆို မောင်တို့တီချယ်ကြည်ဝေကိုသွားပြောကြမယ်လေ အဲ့ကျရင် မဝါလင်း ပါလိုက်ခဲ့''

''အဲ့အကြံမဆိုးဘူး ၊ ဒီလိုကျတော့လဲ မောင်က အရမ်းတော်တာဘဲ ငါ့သူငယ်ချင်းလို့ကိုမပြောရဘူး ၊ဟီးဟီး''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now